အခုရက်ပိုင်းမှာ , Facebook ရဲ့နာမည် Change မဲ့ကိစ္စကို အားလုံးက ဟာသတွေလုပ် , စာတိုတွေရေးပီး ပေါ့ပျက်ပျက်နောက်နေကြပေမဲ့ , ဇူဇူကတော့ ဒီလိုမဟုတ်တဲ့ပုံပါ။
လွန်ခဲ့တဲ့ နာရီ၀က်ခန့် , မြန်မာစံတော်ချိန် 1:am ကျော်ကျော်လောက်ကပဲ , သူ့ Acc မှာ စာအရှည်ကြီးနဲ့ Post တစ်ခုတက်လာတယ်။
စာတွေကအရမ်းရှည်တော့ , အားလုံးကိုတစ်ထိုင်ထဲ ရှင်းပြဖို့ မဖြစ်နိုင်ပေမဲ့ , သူအဓိကပြောသွားတာတွေကိုပဲ ကြည့်မယ်ဆိုတောင် , သူအခုလုပ်နေတဲ့ Project ကြီးတစ်ခုလုံးဟာ "Revolution Level" ပဲ။
ဘာကို Revolution တာလဲဆိုရင် , အခုကျွန်တော်တို့လက်ထဲက Technology တွေအကုန်လုံးပဲ ဆိုပါတော့။
သူပြောသွားသမျှထဲမှာ အရေးအကြီးဆုံးဟာတွေက , Facebook ဟာ နောက်ပိုင်းမှာ ပိုပီးတော့ အသုံးပြုသူတွေနဲ့ Close ဖြစ်လာမယ်။
ပြောရရင် Newsfeed ကို ပွတ်နေ , ဆွဲနေရယုံလောက် မဟုတ်တော့ပဲနဲ့ , ထိကိုင်နိုင်တဲ့အဆင့်ထိပါ ရောက်လာမယ်လို့ စစချင်းပဲ ညွှန်းပြသွားတယ်။
ဒီမှာတင် , အတော်လေးကို စိတ်၀င်စားဖို့ကောင်းနေပီ။
နောက်ထပ် , သူပြောသွားတာတွေကဆိုရင် ဖျားတောင်ဖျားလောက်ချင်စရာတွေချည်းပါပဲ။
အဓိကကတော့ Metaverse အကြောင်းကို သူအကျယ်တဝံ့ပြောသွားတယ်။
ဒါနဲ့လေ , Metaverse ဆိုတာ နာမည်သပ်"လဲမဟုတ်သလို , အသံထွက်မမှန်စရာလဲ ဘာအကြောင်းမှကို မရှိဘူးနော် သိလား။ ( မက်တာ ဗာ့စ် ) ဒါပဲလေ So Simple.
ပီးတော့ အဲ့တာက Tech တစ်ခုပါ။
အလွယ်ပြောရမယ်ဆိုရင် , "Ready Player One" ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ဖူးတယ်ဆိုရင်တော့ မျက်မှန်းတန်းမိမှာပဲ။
ဒါပေမဲ့ , မကြည့်ဖူးဘူးဆိုလဲ ကျွန်တော်အောက်မှာထပ်ရှင်းပြမယ်။
အဓိကက , Ready Player One ကြည့်ဖူးတဲ့ သူတွေဆိုရင် ရှင်းပြရတာ ပိုပီးလွယ်ကူပါလိမ့်မယ်။
အခုဇူဇူလုပ်ဖို့ကြိုးစားနေတာတွေက အဲ့ထဲကအတိုင်း တထပ်ထဲနီးပါးပဲ။
ဇာတ်ကားထဲမှာလိုဗျာ , Virtual World ကသပ်" , Real World က သပ်" ရှိမယ်ပေါ့။
V.W ထဲမှာက အရာရာပိုပီးပြည့်စုံနေမယ်။
ကိုယ်လိုချင်တာကိုယ် အလွယ်တကူရနိုင်သလို , ကိုယ်ကြိုက်တဲ့ Character မျိုးကအစ ရွေးပီးတော့နေလို့ရတယ်။
အပြင်မှာ မင်းဟာမင်း ဘယ်လောက်ကြီးဆင်းရဲဆင်းရဲ V.W ထဲမှာတော့ ရုပ်ချောချော , အသားဖွေးဖွေးနဲ့ သူဌေးသား/သမီးလေးပုံစံ ဖြစ်နေနိုင်တယ်။
( ဒါက အခုလဲ Facebook နဲ့ Realife ကပုံတွေဆိုရင် တူတဲ့သူတယောက်မှမှမရှိတာ , အယ် ခုဒီလို Tech နဲ့သာဆိုရင် ပိုဆိုးတော့မပေါ့ :> )
ဇာတ်ကားမကြည့်ဖူးတဲ့သူတွေအတွက်တော့ ,
အခု Metaverse ဆိုတာ "Feeling of Presence" ပါလို့ သူက Announce လုပ်သွားတယ်။
ဆိုလိုချင်တာကခင်ဗျာ , အသုံးပြုသူတယောက်ဟာ ကိုယ်တွေ့ချင်တဲ့သူနဲ့ ကိုယ်တွေ့ချင်တဲ့နေရာကို စိတ်ကြိုက်ရွေးထည့်လိုက်လို့ရတယ်။
နောက် , မျက်မှန်လေးဘာလေးတပ်ပီး အဲ့လူကို စကားလှမ်းပြောလိုက်ရင် , ဟိုဖက် တဖက်လူရဲ့ Hologram က ကိုယ့်ဆီလာပေါ်မယ်ပေါ့။
အဲ့အပြင် , ပစ္စည်းတွေ , အရာ၀တ္ထုတွေရဲ့ Hologram ကိုလဲ ကိုယ်ကြိုက်တဲ့နေရာဆီ (ဘယ်လောက်ပဲဝေးဝေး) ချက်ချင်း Teleport လုပ်နိုင် ( ပေးပို့နိုင်) ဦးမယ်လို့ဆိုတယ်။
နောက် , သူပြောသွားတဲ့ထဲမှာ အရေးကြီးတာနောက်ထပ်တခုက , Metaverse ဆိုတာ Company တစ်ခုထဲကနေပဲ ဖန်တီးလိုက်မှာမဟုတ်ဘူး။
ဒီလို ကြီးကျယ်လှပတဲ့ Fucture တစ်ခုအတွက် ကမ္ဘာအနှံ့က Creator တွေ , Developer တွေရနိုင်သမျှကို စုပေါင်းပီး ကြိုးစားသွားမှာပါဆိုတဲ့ စာကြောင်းလေးလဲပါတယ်။
နောက် , "We don't build services to make money , We make money to build better services" တဲ့။
ဆိုတော့ , ဒီတစ်ခါ ဒီ Metaverse ဆိုတဲ့အရာကြီးအတွက် ဇူဇူဟာ Budget ကိုအတော်လေးလဲ သုံးထားတဲ့ပုံစံပါပဲ။
အားလုံးကို အကျဉ်းချုံးပီးပြောပြရရင်တော့ , Facebook (Now Meta) ဟာ သူ့ရဲ့ကိုယ်ပိုင် "Virtual World" ( မြန်မာလိုဆိုရင် ပုံရိပ်ယောင်ကမ္ဘာကြီး) တစ်ခုလုံးကို ဖန်တီးဖို့ကြိုးစားနေတာပဲ။
တကယ်လို့ သူကြွားလုံးထုတ်သွားသလို , Ready Player One စတဲ့ အနာဂတ်ရုပ်ရှင်တွေထဲကလို နည်းပညာမျိုးတွေ ( အောင်မြင်တဲ့ Metaverse ) သာ ဒီနိုင်ငံကိုရောက်လာခဲ့ရင် ဒီနိုင်ငံကြီးဟာ အဲ့လိုအချိန်မျိုးမှာ လွတ်လပ်နေမှဖြစ်မယ်။
ကျွန်တော် တကယ်ပြောတာ။
ဒီလို Sout ရမ်းဆန်းသစ်တဲ့ , ရုပ်ရှင်နဲ့တူတဲ့ နည်းပညာတွေကို ကျွန်တော်လဲ စမ်းသုံးဖူးကြည့်ချင်သေးတယ်လေ။
ဒါကြောင့် နိုင်မှဖြစ်မှာ။
နောက်ထပ် 1 နှစ်လောက်အကြာမယ် , ကျွန်တော်တို့လဲနိုင်ထား , ဒီလိုနည်းပညာတွေလဲရောက်အလာ ဆိုလို့ကတော့ဗျာ "ရေကန်အသင့် ကြာအသင့်" ပဲပေါ့။ မဟုတ်ဘူးလား။ 🪐🤍
#Ⓔⓓⓦⓐⓡⓓ
No comments:
Post a Comment