Friday, October 29, 2021

Made in Burma ဆိုပြီး မြန်မာပြည်ကပစ္စည်းတွေ တကမ္ဘာလုံးကို ဖြန့်ခဲ့ဖူးတယ်

 



တချိန်က မြန်မာပြည်မှာ ဒီဇွန်းတွေ(ပုံ၁) ထုတ်လုပ်ခဲ့နိုင်တယ်။


၁၉၆၂ ခုနှစ် ဦးနေဝင်း လက်ထက်ကစလို့ စက်ရုံ အလုပ်ရုံတွေကို ပြည်သူပိုင်သိမ်းပြီး အကုန် ဖျက်စီးခဲ့တယ်။


ထုတ်လုပ်တဲ့ ပစ္စည်းတွေကို အနောက်ဥရောပ အထိ 

Export လုပ်နိုင်ခဲ့တယ်။


Made in Burma ရေးထားသမျှ ပစ္စည်းနဲ့ စက်ရုံတွေ ပြည်သူပိုင်သိမ်းတော့ Made in India လို့ပြောင်းရေးပြီး 

ခိုးပြီးထုတ်လုပ်ခဲ့ကြတယ်။


သစ်သား လေးခွ၊ ကျွဲချိုလေးခွ၊ ဝါးနဲ့ လုပ်ထားတဲ့ ငါးမျှားတံ အစုံ။ ဝါးဖက်၊ ခမောက်၊ ဆေးတံအိုး၊ ကွမ်းသား၊ ထမ်းပိုး၊

ဝါးထမ်းပိုး၊ ဝါးနဲ့ ထန်းခေါက် အသုံးပြုပြီး ယက်လုပ်ထားတဲ့ ခြင်း နဲ့ တောင်း အမျိုးမျိုး ရွှံ့နဲ့ ပြုလုပ်ထားတဲ့ အိုးပုတ်၊ (ဂျိုး)ချိုးရုပ် ကျောက်သင်ပုန်း စတဲ့ ကုန်ပစ္စည်းတွေကို

ပုဂ္ဂလိကပိုင်အနေနဲ့ ထုတ်လုပ်ပြီး အင်္ဂလန် /အမေရိကန်ထိ တင်သွင်းနိုင်ခဲ့တယ်။


လူတိုင်းသုံးဖူးတဲ့ ကျားပရုပ်ဆီ က တချိန်က

မြန်မာပြည်မှာ ထုတ်လုပ်ခဲ့တာပါ။


ဦးနေဝင်းက ပြည်သူပိုင်သိမ်းတော့ စင်္ကာပူကို 

ထွက်ပြေးပြီး ယနေ့ထိ ထုတ်လုပ်နေဆဲပဲ။


ငှက်သိုက်ရေလည်း ယခင်က မြန်မာပြည်မှာပဲ 

ထုတ်လုပ်ခဲ့ပါတယ်။


ဂျပန်နဲ့ အခြားနိုင်ငံက ကားအင်ဂျင်တွေဝယ်ပြီး 

ပြည်တွင်းမှာ ဘော်ဒီရိုက် တပ်ဆင်ပြီး တရုတ်ထံ 

တင်ပို့ ရောင်းချခဲ့ဖူးကြတယ်။


မြန်မာတွေထုတ်တဲ့ကားကို တရုတ်တွေ ဝယ်စီးကြရတယ်

ပြောရင် ရယ်စရာ ဖြစ်နေမလားပဲ။


ဦးနေဝင်းက အဲလိုလုပ်ခဲ့ပြီးနောက် နောက်တက်လာတဲ့ 

ကောင်တွေကလည်း သစ်တောတွေဖြုန်း တောင်ဂတုံး၊ 

မြစ်ကို ဖြိုဖျက် အဆက်ဆက် လုပ်ခဲ့ပြန်ရော။


အချိန်တိုအတွင်း လုပ်ပိုင်ခွင့်ရခိုက် မြန်မြန်ချမ်းသာအောင်လို့ ကျောက် သံ ပတ္တမြားလောက် အားထားခိုးယူ လာကြတယ်။


ဘာပစ္စည်းမှ ထိထိရောက်ရောက်ကိုယ်တိုင် ထုတ်လုပ်ဖို့ 

စိတ်မကူးခဲ့ကြဘူး။


အခုလည်း ဝူဟန်ကြောင့် တရုတ်ဘက်က ကုန်ကြမ်းမရနိုင်တော့ ပြည်တွင်းက စက်ရုံတချို့ ပိတ်ထားရပြန်ပြီ။


(ပြည်တွင်းဆိုပေမယ့် တရုတ်ပိုင် စက်ရုံကများတာပါ)


တရုတ်ထုတ်၊ ထိုင်းထုတ် နဲ့ အိန္ဒိယထုတ်တွေပဲအမြတ်ပေးပြီး အလွယ်တကူ ဝယ်ယူသုံးကြတယ်။


ဒါကြောင့်လည်း တိုင်းပြည်ဟာ မွဲသထက်မွဲ ငတ်သထက် 

ငတ်ငတ်လာခဲ့ကြတယ်။


လူသုံးကုန် ပစ္စည်းတင် ပြည်ပက ဝယ်သုံးတာမဟုတ်ဘူး။


စားသောက်ကုန်တွေကအစ ဘာအသားဘာပါတယ်


မသိကြဘဲ ပင်လယ်စာ ဆိုပြီး စားနေကြတာ တွေ တပုံကြီး။


လူတွေလည်း အသိဉာဏ်ခေါင်းပါးလာပြီး လူကောင် 

သေးသေးလာတယ်။


ဆေးဝါးဆိုလည်း ပုဂ္ဂလိကပိုင် အနေနဲ့ ဆရာခို နဲ့

ထွန်းရွှေဝါလောက်ပဲ ထုတ်နိုင်သေးတယ်။


ဒီကြားထဲ ဘိန္နောဆေးဆိုပြီး အင်္ဂလိပ်ဆေးတွေကြိတ်ပြီးရောထည့်ရောင်းတော့ သေကြတာတွေ မနည်းဘူး။


တကယ်စဉ်းစားကြည့် ကိုယ့်ပြည်တွင်းဖြစ်က မရှိမလောက်ကို ဖြစ်နေတယ်။


ကျနော်စင်္ကာပူမှာ အကြာကြီး နေခဲ့တယ်။


ကျနော့်စားဖိုထဲမှာ Made in Myanmar ဆိုလို့ ငါးနီတူးခြောက် လေးပဲ ရှိခဲ့ဖူးတယ်။


Anchovy fish ကိုယ်ပိုင် ပစ္စည်း မထုတ်လုပ်နိုင်တဲ့ နိုင်ငံဟာ ကမ္ဘာ့မြေပုံပေါ်မှာ ကြာကြာ မရပ်တည်နိုင်ပါဘူး။


ပြည်တွင်းဖြစ် များများ ထုတ်လုပ်နိုင်ပြီး၊ 

ပြည်ပကို များများတင်ပို့နိုင်မှ နလန်ထူနိုင်မယ်။


စက်ပစ္စည်းတွေ ထုတ်လုပ်နိုင်မှ မဟုတ်ပါဘူး။


ဥပမာ ပြောရရင် ထိုင်းက မြန်မာထက် အဆ ၁၀၀ မက သာတယ်ဆိုရမယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးတွေမှာ ထိုင်းက 

တင်သွင်းတဲ့ ပစ္စည်းတွေ များတယ်။


ဘာတွေ ထင်လို့လဲ ထန်းသီးဆံ (တနှစ်ပတ်လုံးစားလို့ရတယ်)။


အုန်းရေနဲ့ အုန်းနို့၊ ထန်းလျက်ခဲ၊ မန်ကျည်းသီးမှည့်၊

 ငါးပိ ငါးခြောက်၊ အင်ဥ (၅ နှစ်အထိ အထားခံတယ်)။


ဆန် အမျိုးမျိုး၊ ပင်လယ်ထွက် ပစ္စည်းအမျိုးမျိုး၊ လိုင်ချီးသီး (၅ နှစ် အထားခံ) အသီးအနှံ မျိုးစုံ၊ သားရေထည် ပစ္စည်း၊

ဆီသွတ်ဗူး အမျိုးမျိုး၊ ဆားရေစိမ် အမျိုးမျိုး၊ ပဲအမျိုးမျိုး ကြာဇံ နဲ့ ခေါက်ဆွဲ စတာတွေကို သေသပ် လှပစွာထုတ်ပိုးပြီး အမျိုးပေါင်း ထောင်နဲ့ချီ တင်သွင်းနိုင်ပါတယ်။


ပြည်တွင်းမှာ ၁၀၀ ကျပ်တန် ဆိုပေမယ့် ပြည်ပရောက်ရင် သောင်းဂဏန်း ပေးစားကြရပါတယ်


ကိုယ်စွမ်းကိုယ်စတွေ ခြစ်ခြုပ် သုံးပြီး ကိုယ်တိုင် ထုတ်လုပ်ကြဖို့အချိန်ကျနေတာကြာပါပြီ။


တချိန်က ဘာဖြစ်ခဲ့ဖြစ်ခဲ့ ကြိုးစားလုပ်ကြဖို့ လိုပြီ 

ကိုယ့်နိုင်ငံက ငမွဲမို့ စက်ပစ္စည်းတွေ လှိုင်လှိုင်ဝယ်သုံးနေချိန်မှာ တိုးတက်ပြီး နိုင်ငံတွေက လက်နဲ့ လုပ်တဲ့ လက်မှုပစ္စည်းထည်တွေကိုပိုပြီး တန်ဘိုးထား ဈေးကြီးပေး ဝယ်သုံးနေကြလေရဲ့ ။


၁၉၆၂ မတိုင်ခင်ကပေါ့ ဗိုလ်အုန်းသီး စက်ရုံကနေ 

ကလေးစီး စက်ဘီးလေးတွေ ထုတ်နိုင်ခဲ့တယ်။

မလေးတို့၊ စင်ကာပူတို့ကို တင်ပို့ခဲ့တယ်။


(Mr. Burma) မောင်ဗမာ စက်ဘီးဆိုပြီး -

လူကြီးစီးလည်း ထုတ်ခဲ့ကြတာပါပဲ။

အတော်ခိုင်ခန့်တဲ့ဘီးမို့ အိမ်နီးချင်းနိုင်ငံတွေကပါ ကြိုက်ကြတာ။


လှိုင်မြစ်ကမ်းဘေး Uniliver Company ကြီးကနေ

ထုတ်တဲ့ ဆပ်ပြာတွေဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေကို တင်ပို့ခဲ့ကြတယ်။


ကြက်ဆင်ဖဲထီးတို့၊ ရွှေဥသြထီးစက်တို့ ဆိုရင်လည်း

နိုင်ငံတကာ အဆင့်မှီတဲ့ ဖဲထီး အမျိုးမျိုး ထုတ်လုပ် 

ရောင်းချနိုင်ခဲ့တယ်။ BT brother ကော်ဖီဟာ နာမည်ကြီး။


ခေါတ်အကြိုက်၊ ဘုရင်မ၊ ဟံသာအေး၊ ရွှေကျီးနိုင်လွန် စတဲ့ နိုင်ငံတကာ အဆင့်မှီ စက်ရုံကြီးများမှ နိုင်လွန်၊ ဇာအမျိုးမျိုး နဲ့ 

တက်ထရွန်လို အထည်၊ အစတွေ ထုတ်လုပ်ရောင်းချခဲ့ကြတယ်။


ပွင့်ကောင်းငံပြာရည် ဆိုတာ အခု ထိုင်းကထုတ်တဲ့

ငံပြာရည်တွေထက် အပုံကြီးသာတာပေါ့။


ဗိုလ်ချုပ်နေဝင်း ထင်ရာစိုင်းခဲ့တဲ့ မဆလ ခေတ်မှာ အဲ့ဒီစက်ရုံတွေ အားလုံးနဲ့အတူ ဆန်စက်၊ ဆီစက်၊ စွပ်ကျယ်စက်၊ 

စေါင်စက်၊ ဖိနပ်စက်၊ ရှိရှိသမျှ စက်ရုံ လုပ်ငန်းကြီးတွေအားလုံးပြည်သူပိုင်ဆိုပြီး အသိမ်းခံကြရတယ်။

(တကယ်တော့လည်း စစ်တပ်ကသိမ်းတာပါ)။


အဲ့ဒီနောက်မတော့ ၁၅ နှစ် လောက်အတွင်း 

အထက်ပါ လုပ်ငန်းကြီးတွေနဲ့ စက်ရုံကြီးတွေ 

အားလုံးနီးပါးဟာ ပျောက်ကွယ် သွားခဲ့ပါတော့တယ်။


နိုင်ငံတော်ပိုင်တို့၊ စစ်တပ်ပိုင်တို့ ဆိုတဲ့ စက်ရုံကြီးတွေကလည်း အရှုံးစာရင်းသာပြပြီး ဝန်ကြီးကနေ အောက်ခြေ 

အပေါက်စောင့်အထိ ခိုးစားပြီး ချမ်းသာနေကြတာဟာ

နောက်စစ်အစိုးရ အဆက်ဆက်အထိ

အားလုံးမီလိုက်ကြပါသေးတယ်။


ဗိုလ်သန်းရွှေတို့၊ ဗိုလ်ခင်ညွှန့်တို့ ခေတ်မှာဆို စက်မှုဝန်ကြီးက ဗိုလ်သန်းရွှေထက်တောင် ပိုချမ်းသာတယ်လို့ ပြောစမှတ် 

ရှိခဲ့ပါတယ်။ ဝန်ကြီးဌာနတခုတည်း ခွင်တအားကောင်းနေလို့

စက်မှု(၁)၊ စက်မှု(၂) ဆိုပြီး ခွဲရတဲ့အထိပဲ။


ဗိုလ်နေဝင်း မဆလအစိုးရခေတ်မှာ လူတန်းစားမကွာဟရေး ဆိုရှယ်လစ်စံနစ်ဆိုပြီး သမဝါယမဆိုင်တွေကနေပဲ ဆန်တွေ၊ ဆီတွေ၊ နို့ဆီ၊ သကြား၊ စီးကရက် အကုန်လုံး တန်းစီပြီး

အလှည့်ကျ ဝေစုနဲ့ ဝယ်ကြရပါတော့တယ်။


ကျနော်တို့ ကျောင်းသုံးစာအုပ်တွေလည်း သမဝါယမဆိုင်မှာ ထောက်ခံစာနဲ့ တန်းစီပြီး ဝယ်ခဲ့ကြရတာပါ။

လူစေ့အောင်မရလို့ ၂ယောက်၁အုပ် ကပ်ကြည့်ပြီး

စာသင်ခဲ့ကြရပါတယ်။ ကွန်ပါဗူးအနီလေးတွေဆိုရင်

မဲနှိုက်ကြရတာ။ မဲပေါက်တဲ့ကျောင်းသား မဟာကံထူးရှင်ပဲ။


ဗိုလ်သန်းရွှေခေတ်မှာ သမဝါယမဆိုင်တွေကနေ

ဝင်းသူဇာ အရောင်းဆိုင်ဆိုပြီးပြောင်းကုန်ပြီး

စက်မှု ၁ က ပစ္စည်းတွေကို ရောင်းချခဲ့ဖူးတယ်။


ခုတော့ အဲ့နေရာတွေတောင် ရောင်းစားကုန်ပြီလား၊ 

ပါတီရုံးပဲ ဖြစ်ကုန်ပြီလား။


သိပြီးသားဆိုရင်လည်း မမေ့အောင်လို့ ပြန်ပြောပြနေရတာပါ။


တချို့က ပြည်သူတွေ ဘာကြောင့်တော်လှန်နေကြတာလဲ

ဆိုတာတောင် မသိကြတဲ့သူက ဒုနဲ့ဒေး။


ဖေဖဝါရီ ၁ရက်နေ့ကစလို့ အခု ၇လ‌ကျော်အတွင်းမှာတောင်

နိုင်ငံက တော်တော်ပျက်စီးနေပါပြီ။

ဖျက်ဆီးဖို့ လေ့ကျင့်ထားတဲ့ အဖွဲ့အစည်းဟာ

ဖျက်ဆီးရေးပဲ လုပ်တတ်မှာပေါ့။


Dr. Than Tun ပြောသလိုပဲ။

မအ,အောင်တော့ သမိုင်းပြန်လေ့လာပါ။


လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က ဦးနေဝင်း ဦးဆောင်တဲ့ 

စစ်အစိုးရဟာ တနိုင်ငံလုံးက သွေးနှောလူမျိုးခြား 

နိုင်ငံသားပိုင် စက်ရုံ အလုပ်ရုံနဲ့ 


တောခြို အုံကြားက ကျွန်တော်တို့ ရှားခဲ ရွာလေးပါမချန်၊

ကျွန်တော် တို့အဖေအမေ မိသားစုလေးပိုင်တဲ့ 

ကုန်စုံဆိုင်လေးပါ ပြည်သူပိုင် သိမ်းခံလိုက်ရတယ်။

နေတဲ့ အိမ် အရှေ့စျေးဆိုင်လုပ်တဲ့ နေရာပါသိမ်းပြီး 

ဆိုင်ပြန်ဖွင့်ပြီး ကိုယ်ကျိုးလုပ်သွားကြတယ်။ 


ကျွန်တော် ၅နှစ်သားလောက်ပဲ ရှိဦးမယ်ထင်ပါတယ်။

ဒါပေမယ့် အဲဒီ ဒါဏ်ရာတွေဟာ နှစ်ပေါင်း၅၀ ကျော်သော်လည်း သေသည့်အထိ မေ့ဖျောက်လို့ရမယ် မထင်ပါဘူး။ 

ဒီလို လုပ်လို့တိုင်းပြည်ဟာ မချမ်းသာပဲ စက်မှု

ဖွံ့ဖြိုးရေးတွေလည်း ကျရှုံး ပျက်စီးခဲ့ရတာ လက်တွေ့ပါ။


ပုံ ကလေးကတော့ ကျွန်တော်တို့ခင်ဗျားတို့ ငယ်ငယ်က 

စီးခဲ့ကြရတဲ့ သုံးဘီးစက်ဘီးလေးပါ။ ဗိုလ်အုန်းသီး အမှတ်တံဆိပ်ပါ။ အဲဒီလို စက်ရုံလေးတောင်ပြည်သူပိုင်သိမ်းခံလိုက်ရတယ်။ တကယ်တော့ အာပေးကူညီတဲ အစီအစဉ်တွေ 

လုပ်ပေးရမှာပါ။ ဒါပေမယ့် နောက်ဆုံးဘာမျှ တိုးတက်မှု 

ဖြစ်မလာပဲ အလုပ်သမားများလည်း အလုပ်လက်မဲ့ဖြစ်ပြီး စက်ရုံလည်း ရပ်သွားခဲ့ပါတယ်။


ယခုလည်း အစိုးရအဖွဲ့အစည်းတခုက တင်ဒါခေါ်တာ မှာ ပြည်တွင်းတပ်ဆင်ထုတ်လုပ်ခြင်းအား ခွင့်မပြုဟု ပါရှိ လာတာတွေရှိခဲ့ကြတယ်။

ပြည်တွင်းစက်မှု လက်မှု ဖွံ့ဖြိုးရေးကို အားမပေးဘူးဆိုတဲ့ 

မူဝါဒတွေ များဖြစ်လာတော့မလား မသိတော့ပါဘူး။ 


ဝန်ကြီးတပါး က အစည်းအဝေးတခုမှာ ပြောတယ် 

နိုင်ခြားသားဝင်လာမှာကို ခင်ဗျားတို့ ပြိုင်နိုင်ရင်၊

ပြိုင်မပြိုင်နိုင်ရင် ကျန်ခဲ့တဲ့။ ကျွန်နော်တို့ ထုတ်လုပ်တဲ့ပစ္စည်းဟာ နိုင်ငံတကာ Brand ပါ ပြည်တွင်းမှာ တပ်ဆင်တဲ့လုပ်ငန်းနဲ့ စတင် ရင်နှီးမြုပ်နှံတာပါ ။ ၂၀% သက်သာပြီး နိုင်ငံခြားငွေ ၃၅% ပြည်ပ ယိုစိမ့်မှု လျှော့ကျစေပါတယ်။


ပြည်တွင်းလုပ်ငန်းရှင်တွေဟာ အစိုးရကလည်း အားမပေး။ ပြည်ပကုမ္ပဏီတွေ လို ၃% ၄% လောက်နဲ့ချေးငွေရပြီးမှလာရင်းနှီးတာကို ဘယ်လို မှ ယှဉ်ပြိုင်နိုင်စွမ်းအား မရှိခဲ့ကြပါဘူး


နောက်ပြီး သူတို့က နိုင်ငံတကာစျေးကွက်ရှိပြီး Brand တွေ ဖြစ်တဲ့အတွက် စျေးကွက် ထိုးဖေါက်ဖို့ လွယ်ပါတယ်။ 


မြန်မာနိုင်ငံဆိုတာ တချိန်က စကားပြောဆိုနိုင်တဲ့ 

စက်ရုံကိုတောင် တီထွင်နိုင်ခဲ့ကြတယ်....


စက္ကောမ စက်ယန္တယားအတတ်ပညာတွေ ရှိခဲ့ကြဖူးတယ်...


အုပ်ချုပ်သူတွေ အသိအမှတ်ပြု မြေတောင်မြှောက်ပေးရင်တောင်


သာမန်ယက္ကန်းစက်ပြင်သမားတောင် စက်ယက္ကန်းကို

တီထွင်နိုင်တဲ့ ပညာဉာဏ်ကြီးကြပေတယ်။


Some Data from Aung Naing Lin & Credit to Original Writer

#crd ပြန်လည်မျှဝေသည်

#Admin

မြန်မာ့သမိုင်း မှ တိုင်းကြီးနှစ်ဆယ်



@@@@@@@@@@@@@@@@


၁။သုနာပရန္တတိုင်း

  စကု စလင်း ဖောင်းလင်း လယ်ကိုင်း ကလေး သောင်သွတ်

  စသည့်မြို့များ ပါဝင်သည်။


၂။တမ္ပဒီပတိုင်း

  ပုဂံ အင်းဝ ပင်းယ မြင်စိုင်း 

  စသော မြို့ကြီးများတည်ရာဒေသ။


၃။ကမ္ဘောဇတိုင်း

  သီပေါ မိုးနဲ ညောင်ရွှေ 

  စသည့် မြို့များ ပါဝင်သောနယ်။


၄။စိန့်တိုင်း

  ဗန်းမော် ခွေးလုံ စန္ဒား 

  စသော ရှေးခေတ်မြန်မာ့သမိုင်းတွင်တရုတ်များဟု ထင်မှတ်မှားခဲ့ဖူးသောဒေသ။


၅။သီရိခေတ္တရာတိုင်း

  သရေခေတ္တရာ ဥဒေဟရာဇ် ပန်းတောင်း 

  အစရှိသော ပျူတို့၏ မူရင်းဒေသ။


၆။ဇေယျာဝဍ္ဎနတိုင်း

  ကေတုမတီ တောင်ငူ 

  စသော ဒုတိယမြန်မာနိုင်ငံတော်တည်ထောင်ရာဗဟိုပင်မဒေသ။


၇။ရာမညတိုင်း

  ဟံသာဝတီ ဒဂုံ ဒလ ပုသိမ် မြောင်းမြ မုတ္တမ

  အစရှိသော မွန်နိုင်ငံတော် ဖြစ်ဖူးသည့်နယ်ပယ်ဒေသ။


၈။ခေမာဝရတိုင်း

  ကျိုင်းတုံ ကျိုင်းချုံ 

  စသော ပဒေသရာဇ်နယ်စားပယ်စား ဒေသများ။


၉။မဟာနဂရတိုင်း

  ကျိုင်းရုံး မိုင်းဆည် 

  အစရှိသော စော်ဘွားများအုပ်စိုးရာနယ်မြေ။


၁၀။ဟရိဘုဉ္ဇတိုင်း

  ဇင်းမယ် ကျိုင်းသေဉ် အနန်း ဘယော

  စသော မြန်မာနယ်နမိတ် ပြင်ပဖြစ်သွားသည့့့့်လာအို ဗီယက်နမ်နယ်နမိတ်။


၁၁။စူဠာဂန္ဓာရတိုင်း

  ရှံတုံ ရှံသီ ရှံရှီ သီဘွင့် 

  မြိုးဟောင်းတို့ တည်ရာ ပဏ္ဍာဆက် နယ်မြေများ။


၁၂။နာဂသျှန္တတိုင်း

  မဏိပူရ ကသည်း 

  စသော ယခု မြန်မာနိုင်ငံ အနောက်တောင် တံခါးပေါက်နယ်မြေဒေသ။


၁၃။မဟာဝိဟိကတိုင်း

  ဒှါရဝတီ ဓညဝတီ မဃဝတေီ ရမမြာဝတီ 

  ဝတီ လေးသွယ် ရက္ခိုက်ပြည်နယ်။


၁၄။ခိရာဋတိုင်း

  ဗိုလ်မင်းလက်ယာပျံချီ စစ်ဋ္ဌာနချုပ်တည်ရာ ချင်းပြည်။


၁၅။ကိဒိရာဒတိုင်း

  ကချင် သိန်းပေါလူမျိုးတို့ နေထိုင်ရာ

  တရုတ်မြန်မာ နယ်စပ်ဒေသများ။


၁၆။ကိရာဋတိုင်း

  ကရင်လူမျိုးတို့၏ မူလဒေသ။


၁၇။လဝရဋ္ဌတိုင်း

  လဝ လူမျိုးတို့ တန်ခိုးထွားစဉ်အခါက

  မြန်မာ့ ကုန်သွယ် တံခါးပေါက် ဒေသ။


၁၈။မဟိ ံသကတိုင်း

  လင်ဇင်း မိုင်းစံ စန္ဒပူရီ 

  စသော ဆင်တော် ပဏ္ဍာဆက် အရှေ့မြောက်ပဒေသရာဇ်ငယ်တို့၏နယ်မြေ။


၁၉။ကသ္မီရီဂန္ဓာရတိုင်း

  ကျော်ကသည်း ကျော်ပုဂံ 

  စသော မြင်းသည်တော် စစ်မှုထမ်းတို့၏နယ်။


၂၀။ဟိမဝန္တတိုင်း

  သုဝဏ္ဏလောက် ပိဿလောက် သောက္ကတဲ(ဆူခိုထိုင်း) ပိတ်စဲ ကလင်

  သလင် အကြေ အရပ် ထိုင်းမြန်မာနယ်စပ်


#CRDTun Aung Kyaw

#နော်ဂဲလယ်ထူး(စာပေပရဟိတ)

#GoodLuck

" ကွယ်ပျောက်လုနီးပါးမြန်မာစကားလုံးများ "

 

          အင်္ဂလိပ်စကားမှာ brother ဘရားသားလို့

ဆိုရင် ညီလား အကိုလား sister စစ်စတားလို့ဆိုရင်

ညီမလား အမလား နှမလား ခွဲခြားလို့မရပါဘူး။မြန်မာ

စကားမှာ အကို ညီ နှမ ညီမ အမ လို့ခေါ်လိုက်တာနဲ့

အကြီးအငယ် တစ်ခါတည်းခွဲခြား  သိနိုင်ကြပါတယ်။

ယောင်္ကျားလေးနှစ်ယောက်မှာ ကြီးသူကို "အကို"ငယ်

သူကို "ညီ"ပေါ့ ယောင်္ကျားလေးရဲ့အထက်ကမိန်းက

လေးကို"အမ" ငယ်သူကို "နှမ"ပေါ့။မိန်းကလေးရဲ့

အထက်က ယောင်ျကြားလေးကျို"အကို" အောက်ကသူ

ကို"မောင်"ပေါ့ မိန်းကလေးချင်းအထက်ကသူဆို"အမ"

အောက်ကငယ်သူဆို"ညီမ"လို့သုံးနှုန်းပါတယ်။


          ညီအကို ညီအမ မောင်နှမ စတဲ့အသုံးအနှုန်း

တွေရှိခဲ့တာကြောင့် "ညီမ"ဆျိုတာမိနျးကလေးခငျြး

တော်စပ်မှု့အသုံးစကားပါ။ယောင်္ကျားလေးက ကိုယ့်

အောက်ငယ်သူမိန်းကလေးကို "နှမ"လို့သာသုံးစွဲရ

မှာဖြစ်ပေမယ့် အခုတော့ "သူက ကျွန်တော်ညီမပေါ့"

"ကျွန်တော့်ညီမလေး"လို့သုံးနေကြပါတော့တယ်။အကို

ကအလိုလို မိန်းမလျာဖြစ်သွားပါရော။တဖြည်းဖြည်နဲ့

"နှမ"ဆိုတဲ့စကားလုံးပျောက်ကွယ်လုနီးဖြစ်ရပါတော့

တယ်။ဘာသာစကားဆိုတာ ယဉ်ကျေးမှု့အဆင့်အတန်း

မြင့်မားလာလေ ဝေါဟာရတွေတိုးပွားစည်ပင်လာရမယ့်

အစား ရှိရင်းစွဲစကားလုံးတွေတောင် လုံးပါးပါးလာပါ

တယ်။


          အင်္ဂလိပ်စကားမှာ Uncle ,Aunty ဆိုရင်

ဦးလေး အဒေါ်သာသိရပြီး ဘယ်ဘက်ကဘယ်လို

တော်စပ်မှန်းမသိရပါဘူး။မိမိရဲ့မိဘများထက်အကြီး

လား အငယ်လား မခွဲခြားနိုင်ပါဘူး။ မြန်မာစကားမှာ

တော့ အဖေ့ရဲ့အကိုဆိုရင်"ဘကြီး"၊ အမေ့ရဲ့အကိုဆို

ရင်"ဦးကြီး"၊ အဖေ့ရဲ့ညီဆိုရင်"ဘထွေး"။အမေ့ရဲ့မောင်

ဆိုရင်"ဦးလေး" ။အဖေ့ရဲ့အမဆိုရင်"အရီးကြီး"။အမေ့

ရဲ့အမကို "ကြီးတော်(ဂျီးဒေါ်)" ။အဖေ့ရဲ့နှမကို"အရီး

လေး"။အမေ့ရဲ့ညီမကို"ထွေးလေး(ဒွေးလေး)"စသ

ဖြင့် စကားလုံးတစ်လုံးချင်းစီမှာ တော်စပ်ပုံ အကြီး

အငယ် ခွဲခြားထားပြီးသား ဆွေမျိုးစပ်ပြထားပြီးသား

ဖြစ်ပါတယ်။ ခုအခါမှာတော့ အဲ့ဒီလိုစကားလုံးဝေါ

ဟာရ တွေ ပျောက်ကွယ်လုနီးပါး အသုံးပြုသူရှားပါး

လာသလို တော်စပ်ပုံအခေါ်အဝေါ် ကအစ သိသူ

ပါးရှားလာလို့ တကူးတကမေးကြည့်မှသာ ဘယ်လို

တော်စပ်ကြောင်း သိနိုင်ပါတော့တယ်။


      အင်္ဂလိပ်စကားမှာ father in law, son

in law စသဖြင့်ယောက္ခမ။သမက်။ချွေးမ ကိုလည်း

'in law' ပဲ သမီးယောက်ဖ။သမီးယောက်မကိုလည်း

brother in law, sister in law စသဖြင့် တစ်

မိသားနဲ့တစ်မိသားစုံဖက်ကြရာမှာ 'in law'ကိုသာ

ရေလဲနဲ့သုံးစွဲကြပါတယ်။မြန်မာဘာသာစကားမှာ

တော့ "ခမည်းခမက်" "လင်ညီအမ" "မယားညီအကို"

စတဲ့သီးခြားသတ်မှတ်ထားတဲ့အခေါ်အဝေါ်တွေအ

ပြည့်အစုံရှိသလို ကြားလိုက်ရုံနဲ့ တော်စပ်မှု့ကိုလည်း

တန်းကနဲသိရပါတယ်။မိန်းကလေးတစ်ယောက်က

သူ့ခင်ပွန်းရဲ့အကိုကို"ခဲအို"လို့ခေါ်ဝေါ်ပြီးခင်ပွန်းရဲ့

ညီကို"မတ်"လို့ခေါ်ပါတယ်။အဲဒီလိုပဲ ယောင်္ကျားလေး

တစ်ယောက်ကလည်း ဇနီးရဲ့အမကို"မရီး" ညီမကို

"ခယ်မ"လို့ခွဲခြားခေါ်ဖို့ဝေါဟာရသတ်မှတ်ပြီးသား

ဖြစ်ပါတယ်။


         စကားလုံးပါးရှားလာသလို အမြီးအမောက်မ

တည့် မဆီလျှော်တဲ့ အသုံးအနှုန်းတွေသာ ပြောဆို

လျှက်ရှိပါတော့တယ်။  ကလေးငယ်တွေက  အကို

အရွယ် အမအရွယ်ကြီးသူကို ဖြူ ဖြူ ဆိုရင် မဖြူပေါ့

ဝါဝါဆို မဝါပဲ မကြီးဖြူ  မမဝါ စသဖြင့်အသုံးနည်း

လာသလို အကိုအရွယ်ဦးအရွယ်ကျ ဦးဖြူ  ဦးနီ ပဲ

ခေါ်ကြတယ်။ ဦးကြီးဖြူ  ဦးလေးနီ စတဲ့အသုံးအနှုန်း

မျိုးရှားပါးလာပါတယ်။ ကလေးအရွယ် လေး ငါးနှစ်

သားအရွယ် မို့ သူတို့ကိုယ်သူတို့ "သားကလေ၊ သ

မီးကလေ"လို့ပြောတာ အင်မတန်နားဝင်ချို လှပေ

မယ့် တက္ကသိုလ်ကောလိပ် ကျောင်းသားကျောင်းသူ

အရွယ်ကြီးတွေက "သား က၊ သမီး က"နဲ့ပြောပြော

နေကြပုံကတော့ တယ်ပြီး နားမသာမယာရှိလှပါတယ်။

         အင်မတန်ကြွယ်ဝတိကျလှတဲ့ မြန်မာစကား

လုံး ဝေါဟာရ တွေကို တဖြည်းဖြည်းအသုံးပြုမှု့နည်း

ပါးလာခြင်းက ကျွန်တော်တို့ခေတ်ရဲ့တောင်းဆိုမှု့

ကြောင့်လား ကျွန်တော်တို့ရဲ့ပျင်းရိမှု့ ဆုံးမသွန်သင်

ညွှန်ပြနိုင်မှု့နည်းပါးမှု့ကြောင့်လားဆိုတာအဖြေရှာ

ဖို့သင့်ပါတယ်။ ဝေါဟာရအသုံးအနှုန်းတစ်ချို့ကတော့ ကွယ်ပျောက်တိမ်ကောနေပြီ ဆိုတာ အသေအချာပါပဲ။


#စာကိုး။      ။ လူထုစိန်ဝင်း၏ နန်းစကား မန်းစကား 

                  မြန်မာတို့ရဲ့မြန်မာစကား စာအုပ် မှ

                  ကိုးကားပါတယ်။မင်းလှညွန့်ကြူ း မြန်မာ

                  ဝေါဟာရများ (စာရေးဆရာအသင်းစာ

                  စောင်)တို့ကိုကိုးကားပါတယ်။


ကိုဖိုးကျော်


#Credit to ကိုဖိုးကျော်

#N🇲🇲

" ထူးဆန်းအံ့ဖွယ် ရွှေနန်းလက်သုံးပုံ ပုရပ်ိုက် "

 

""""""""""""'""""""""""""""""""""""""""""""""""

         ရုပ်ပုံများရေးဆွဲ မှတ်တမ်းတင်ထားသော ကုန်း

ဘောင်ခေတ် ထူးဆန်းအံ့ဖွယ်အကြောင်းအရာများကို

ပြုစုထားသည့် ပုရပိုက်ကို 'ရွှေနန်းလက်သုံး ပုရပိုက်"

ဟုခေါ်ဆိုသည်။ ယင်းပုရပိုက်ကို မှတ်တမ်းပြုစုရေး

သားခဲ့သူမှာ မင်းတုန်းမင်းကြီး လက်ထက် တိုင်တား

မြို့စားဝန်ကြီး မင်းကြီးမဟာသီရသူရ ဘွဲ့ခံ ဦးကြီး ဖြစ်

ပါသည်။ ယင်းမှတ်တမ်းကိုပင် ကိုလိုနီခေတ်ဦးကာလ

၌ ဝက်မစွတ်မြို့စား ဝန်ထောက်ဟောင်းဦးလတ်။တံ

ဆိပ်ဝန်ဟောင်း၊အမိန့်တော်ရေးနှင့် စာရေးတော်ကြီး

တို့က ကုန်းဘောင်ခေတ်အတွင်း ထူးဆန်းအံ့သြစိတ်

ဝင်စားဖွယ်ရာအဖြစ်အပျက်တို့ကို ထပ်မံဖြည့်စွက်ရေး

သားခဲ့သည်။ မူရင်းပုရပိုက်ကို ယခုအခါ အင်္ဂလန်နိုင်ငံ

လန်ဒန်မြို့တော် ဓနသဟာယရုံး စာကြည့်တိုက်တွင်

ထားရှိပြီး ၁၉၅၂ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်နေ့တွင် ဆရာ

ကြီးဒေါက်တာသန်းထွန်း(ကွယ်လွန်)က ဓါတ်ပုံရ်ိုက်ကူး

ယူခဲ့ခြင်း ဖြစ်ပါသည်။ ဒေါက်တာသန်းထွန်း၏ သမိုင်း

ထဲက ဒီဇိုင်းစာအုပ်၌ ယင်းပုရပိုက်နှင့်ပက်သက်၍ 

အောက်ပါအတိုင်းမှတ်ချက်ရေးသားခဲ့သည်။

   "ရွှေနန်းလက်သုံးပုံ ဆိုတဲ့ ဆေးရေးပုရပိုက်ဖြူကြီး

တစ်ခုရှိတယ်။မင်းတုန်းမင်းလက်ထက်က တိုင်တား

မင်းကြီး ဦးကြီး(သီပေါမင်းလက်ထက်တိုင်တားမင်းကြီး

ဦးဘိုးမဟုတ်)က အစဉ်အဆက်မင်းသုံးမင်းဆောင်နဲ့

နန်းတွင်းအထွေအထူးဖြစ်သမျှတွေ တိုင်းပြည်တွင်းက

ထူးဆန်းတဲ့ အကြောင်းအရာတွေကို မှတ်တမ်းတင်ပြီး

ပန်းချီတော်တွေကို အရုပ်ရေးဆွဲခိုင်းတယ်။စာရေးတော်

တွေကို စာတမ်းဖြည့်ခိုင်းတယ်။ အဲ့ဒီအရုပ်ပုရပိုက်ကြီး

ကို တဆင့်တဆင့်ကူးကြတယ်။ အင်္ဂလိပ်တွေမန္တလေး

သိမ်းပြီးတဲ့နောက် ကင်းဝန်မင်းကြီးကျောင်းတိုက်ဆရာ

တော်တွေက ဝက်မစွက်ဝန်ထောက်မင်းကို မူတစ်ခုပွား

ခိုင်းတယ်။အဲ့ဒီမူဟာ နောက်ဆုံးတော့ ဘိလပ်ရောက်

သွားတယ်။ဘယ်ပုံဘယ်နည်းရောက်တယ်မသိပေမယ့်

လုံးဝပျောက်မသွားလို့ ကျေးဇူးတင်နေရတယ်။လန်ဒန်

မြို့ဓနသဟာယ (အရင်အန္ဒိယဆိုင်ရာ)ရုံး စာကြည့်တိုက်

မြန်မာမှတ်တမ်းအမှတ် ၉၉ ဟာ အဲဒီပုရပိုက်ကြီးပါပဲ။

ပုရပိုက်အစမှာ မင်းတုန်းမင်းကြီးလက်ထက် အဂ္ဂမဟာ

သေနာပတိ ဝန်ရှင်တော်အသည်ဝန်တိုင်တားမြို့စား ဝန်

ကြီး  မင်းကြီးမဟာသီဟသူရ(ဦးကြီး) ရေးမှတ်ရင်းပုံစံ

ကို ဝန်ထောက်တော် ဝက်မစွက်မြို့စားမင်းကြီး မင်းထင်

မဟာစည်သူ(ဦးလတ်)က ကြီးကြပ်ပြင်ဆင်ပြီး သီပေါ

မင်းလက်ထက် အဖြစ်အပျက်တွေပါ ပါဝင်အောင်ဖြည့်

စွက်ရေးဆွဲစေတဲ့အတွက် တံဆိပ်ဝန်မင်းလှရာဇကျော်

ထင်၊ အမိန့်တော်ရေး မင်းထင်ဇေယျသူ၊ မင်စာရေး စာ

ရေးတော်ကြီး သီရိနော်ရထာတို့ရေးကြတာ ၁၈ ရက်

မတ်လ ၁၈၉၄ခုနှစ်မှာ ပြီးစီးအောင်မြင်တယ်လို့ရေးသား

ပါရှိပါတယ်။"

       ( ဒေါက်တာသန်းထွန်း၏သမိုင်းထဲကဒီဇိုင်း စာ-၆၉)

       ထူးဆန်းအံ့သြဖွယ် ရွှေနန်းလက်သုံးပုံ ပုရပိုက်ပါ

အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။


" ဆင်ဖြူရှင်မင်း လက်ထက် (၁၇၆၃ - ၁၇၇၆ ) "

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၁။ အင်းဝမြို့ အနောက်ဘက် ခရမ်းပေါက်အရပ်တွင်

     နေထိုင်သောအမျိုးသမီးတစ်ဦး၏ ဝမ်းမှ ငါးအများ

      အပြားမွေးဖွားခဲ့သည်။

၂။ ဧရာဝတီမြစ်အတွင်းမှ ရေသူမပေါ်လာသည်။


" ဘိုးတော်ဘုရား လက်ထက် ( ၁၇၈၁ - ၁၈၁၉ ) "

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၁။ အမရပူရမြို့တော်၏ အနောက်ပြင် ဝါးတန်းရပ်တွင်

     နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဘီလူးငယ်အသေ

     တစ်ကောင် မွေးဖွားခဲ့သည်။

၂။ ရှိန်းမကားရွာနေ အမျိုးသမီးတစ်ဦး၏ ဝမ်းမှ ငါး

    ကောင်ရေ အမြောက်အများ မွေးဖွားခဲ့သည်။

၃။ ဧရာဝတီမြစ် အတွင်းမှ ရေသူမပေါ်သည်။

၄။ အမရပူရမြို့တော်၌ နန်းတော်ကြီးတည်ဆောက်ရန်

     နန်းတော်ကြငှန်းတိုင် တွင်းတူးရာမှ မြေကျင်းအတွင်း

     ငါးစင်ရိုင်း အဖိုအမ နှစ်ကောင်ကို ရရှိသဖြင့် အင်းဝ

     နန်းတွင်း၌ စံနေသည့် ဘိုးတော်ဘုရားထံဆက်သရ

     သည်။

၅။ အိမ်ရှေ့စံ ရွှေတောင်မင်းသားကြီး နာမကျန်းဖြစ်နေ

     ခိုက် နန်းတော်ပြသာဒ်တော်ကြီးကို မီးတောက်မီးခိုး

     များကဲ့သို့ အများမြင်ကြရသည်။

၆။ ဘိုးတော်ဘုရား နတ်ရွာစံလုနီးအချိန်တွင် ထီးဖြူတော်

     အရောင် ညှိုးနွမ်းသွားပြီး ထီးဖြူစောင့်နတ်သမီး၏

     ငိုကြွေးသံကြားလိုက်ရသည်။ ထို့နောက် ဘုရင်မင်း

     မြတ် နတ်ရွာစံလွန်သွားပြီးနောက် ထီးဖြူတော်ရောင်

     သစ်မြဲအတိုင်း သစ်လာခဲ့သည်။

၇။ အရှင်နန်းမတော်မိဖုရားခေါင်ကြီး မကျန်းမာတော်

     မူစဉ် ပြင်ဆင်တည်ထားသည့် အုန်းငှက်ပျောကန်

     တော့ပွဲစုံကို လူနှင့်မထိမကိုင်ပဲ နတ်တို့တွန်းလှဲပစ်

      သည်။

၈။ အရှင်နန်းမတော်မိဖုရားခေါင်ကြီး မကျန်းမာတော်မူ

     ခိုက် ဆက်သမြဲ ဆေးတော်ထည့်သည့်ခွက်သည် အလို

    အလျှောက် ကွဲအက်ပဲ့ထွက်သည်။

၉။ မင်းကွန်းပုထိုးတော်ကြီး၏    ဋ္ဌာပနာတိုက်အတွင်း၌

     ဋ္ဌာပနာရန် ပြင်ဆင်ထားသည့် ကြေးကန္နားဘောင်ထက်

     တွင် "သ၊သံ၊ပု၊က" အက္ခရာလေးလုံး ထင်ရှားစွာ ပေါ်

     ပေါက်လာသည်။

၁၀။ပရိတ်နာဆက်သည့် အဆောင်တော်၌ ရှိသော ရာဇ

      ပလ္လင်ရှေ့ရှိ သူငယ်တော်ရုပ်နှစ်ရုပ် တစ်ခုနှင့်တစ်ခု

      ထိုးသတ်ကြသည်။

၁၁။ကြောင်မကြီးတစ်ကောင်၏ နို့ကို ကြွက်ငယ်ငါးကောင်

      လာရောက် စို့ကြသည်။

၁၂။အမရပူရမြို့တွင် ငန်းဖိုနှင့်ခွေးမတို့ ကာလကြာရှည်

       စွာအတူသင့်မြတ်နေခဲ့ကြသည်။

၁၃။ဘိုးတော်မင်းတရား စက်တော်မူရာ သလွန်တော်အနီး

       ၌ ညအခါ နတ်တို့လာရောက်တင်လျှောက် စကား

       ပြောဆိုသံ ကြားရသည်။

၁၄။မြောက်နန်းမိဖုရား မကျန်းမာတော်မူခိုက် နတ်တို့

      ငိုကြွေးတင်လျှောက်သံ ကြားကြရသည်။

၁၅။ခရစ်နှစ် ၁၈၀၆ခုနှစ်တွင် နန်းမတော်ကြီး(မိဖုရား

      ခေါင်ကြီး)နတ်ရွာမစံမီ ယင်းနန်းမတော်ကြီးစံတော်

      မူရာ အဆောင်တော်၏ ကြငှန်းတိုင်များမှ ရေများ

      ပန်းထွက်လာခဲ့သည်။

၁၆။၎င်းင်းနှစ်၌ပင် မြောက်နန်းမိဖုရား နတ်ရွာမစံမီ မြောက်

       နန်းမိဖုရား၏ အဆောင်တော်တွင်း ကြငှန်းတိုင်မှ

       လည်း ရေများထွက်လာခဲ့သည်။

၁၇။ခရစ်နှစ် ၁၈၀၈ ခုနှစ်တွင် သားတော် အိမ်ရှေ့စံရွှေ

       တောင်မင်းသားကြီး ကံတော်မကုန်မီ အိမ်ရှေ့တော်

       ဆောင်မကြီး ကြငှန်းတိုင်များ ရေထွက်လာသည်။

၁၈။ခရစ်နှစ် ၁၈၁၉ ခုနှစ် ဘိုးတော်ဘုရား နတ်ရွာမစံ

      လွန်မီ နန်းတွင်းအဆောင်တော် ကြငှန်းတိုင်မှ ရေ

      များ ထွက်ကျလာခဲ့သည်။

၁၉။ မင်းကွန်းနန်းတော်တွင် မြေးတော်စစ်ကိုင်းမင်းသား

       ၏ ကြင်ရာတော်ဆင်ဖြူရှင်မယ် ကံမကုန်မီ သူ၏

       အဆောင်တော် တောင်စမုတ် လှေကားအဆင်းရှိ

       ကသစ်ပင် နှစ်ပင်မှ အခက်အလက်အရွက်များအား

      လုံး ကြွေကျခဲ့သည်။ ထို့ပြင် ငလျင်လည်း အကြိမ်

       ၃၀ ကျော် ၄၀ခန့်လှုပ်ခဲ့သည်။

၂၀။မင်းကွန်းနန်းတော်တွင် သီရိမလ္လာမဟာသုဘဒ္ဒါ 

      ရတနာဆင်ဖြူတော်မ (ရှင်နှင်းနွယ်)ကံမကုန်မီ ဆင်

      မင်းထားရှိရာ နန်းမြောက်ဘက်ရှိ ကသစ်ပင်နှင့်

      မြောက်ဥယျာဉ်တော်အတွင်းမှ ကသစ်ပင်နှစ်ပင်တို့

      ၏ အရွက်များမှ ရေပေါက်အများအပြားကျလာရာ

      ထားဝယ်အမှု့ထမ်းတို့က ဗန်းကြီးဗန်းငယ်တို့ဖြင့်

      ခံထားကြရ၏။(ရေပေါက်များကျရာ အခြားကသစ်

      ပင်နှစ်ပင်လည်း ရှိသေးရာအပင်များပုံကို ဖော်ပြ

      ထားပါသည်။)

၂၁။ခရစ်နှစ် ၁၈၀၈ခုနှစ်တွင် သားတော်အိမ်ရှေ့မင်း 

      ကံမကုန်မီ အမရပူရမြို့ရန်နှင်တံခါး လမ်းမြောက်

      ဘက်နှင့် မြို့အနောက်ဘက်ဓါတ်နန်းရပ် အိမ်တော်

      ရာရှိ မန်ကျည်းပင်နှစ်ပင်တို့တွင် လိပ်ပြာများဝိုင်းအုံ

      ပျံတက်နေကြသည်။

၂၂။ဘိုးတော်ဘုရား လက်ထက် အမရပူရမြို့အနောက်

      တောင်ထောင့် ရွှေလင်းပင်ဘုရားတံတိုင်းအတွင်းရှိ

      ဆင်ချိုးထားခံရသော ညောင်ပင်မှ အကိုင်းအခက်

      ညွန့်များ လျင်စွာထွက်၍ ပွင့်ခဲ့သည်။

၂၃။ဘိုးတော်ဘုရားလက်ထက် မိုးကောင်းဒေသတွင် ထူး

      ဆန်းသော ကျွန်းပင်ကြီးနှစ်ပင်ရှိခဲ့သည်။ယင်းကျွန်း

     ပင်တို့မှာ မိုးကောင်းမြို့အရှေ့မြောက်ယွန်းယွန်း ခရီး

     တာ သုံးသောင်းကျော်အကွာ မြစ်မ,ဆုံအလယ်၌ 

     ချောင်းခြားလျှက် ပေါက်ရောက်နေကြပြီး လုံးပတ်မှာ

     အတော်အတန်ကြီးမားကြ၏။ ထူးခြားသည်မှာ ကျွန်း

     ပင်ကြီးနှစ်ပင်သည် နေ့ဘက်တွင် ပုံမှန်အတိုင်းရှိကြ

     သော်လည်း နေဝင်ချိန်နောက်ပိုင်းမှစ၍ ညဉ့်အခါများ

     ၌ တစ်ပင်နှင့်တစ်ပင် ချောင်းကမ်းသို့ကွေးညွတ်ကာ

     ထိယှက်နေကြသည်။ ယင်းကျွန်းပင်နှစ်ပင်ပုံကို

     မိုးကောင်းမြို့ဝန်က ပုရပိုက်ထက်တွင် ကူးယူရေး

     ဆွဲစေပြီး နန်းတွင်းသို့ ပေးပို့ခဲ၏။

၂၄။ဘိုးတော်ဘုရား လက်ထက် ၁၈၀၇ခုနှစ်မေလတွင်

      အမရပူရမြို့၌ မိုးသည်းထန်စွာရွာသွန်းရာမှ ရှောက်

      သီး သံပုရာသီး ဇီးသီး ကွမ်းသီးစသည့် အရွယ်ခန့် ရှိ

      မိုးသီးများ ကျရောက်ခဲ့ရာ မြင်း ကျွဲ နွား ဆိတ် ဝက်

      ကြက် စသည့်တိရစ္ဆာန်များ သေကျေပျက်စီးကြရ၏။

၂၅။ဘိုးတော်ဘုရား လက်ထက်တွင် ကောင်းကင်ထက်မှ

      ကြယ်များအများအပြား တက်သေးအင်းအတွင်း ကြွေ

      ကျသကဲ့သို့ တွေ့မြင်ရသည်။(ဘကြီးတော်ဘုရား

      လက်ထက်တွင်လည်း ယင်းသို့ မြင်တွေ့ခဲ့ရဘူး၏။)

၂၆။ဘိုးတော်ဘုရား လက်ထက် အိမ်ရှေ့စံရွှေတောင်မင်း

      သားကြီး မကျန်းမမာဖြစ်စဉ် မိုးကောင်းကင်ထက်၌

      သွေးရောင်ကဲ့သို့ တစ်ခွင်တစ်ပြင်လုံး ရဲရဲနီနေသည်

      ကိုတွေ့မြင်ရသည်။

၂၇။ဘိုးတော်ဘုရားလက်ထက် အတုလဆရာတော်ကြီးကို

       မောင်းကြော်လှည့်ရာတွင် နေ့ခင်း၃နာရီအချိန်ခန့်

       ဖြစ်သည့်တိုင် ကောင်းကင်ပြင်မည်းမှောင်လျှက် မိုး

       ကြိုးကျပြီး ကြယ်လများပေါ်ထွက်ခဲ့သည်။(အတင်

       ဂိုဏ်းအရုံဂိုဏ်း ဝိဝါဒကွဲပြားရာ ရှုံးနိမ့်ခဲ့သောအတင်

       ဂ်ိုဏ်း၏နာယကဆရာတော် အလောင်းမင်းတရား

       ကြီးလက်ထက်သာသနာပိုင် အတုလဆရာတော်)


" ဘကြီးတော်(စစ်ကိုင်း)မင်းလက်ထက်(၁၈၂၇-၁၈၃၇)"

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၁။  အမရပူရမြို့တွင် နေထိုင်သည့် ဦးမိုး၏နေအိမ်မှ အ

      ခိုင်းအစေအမျိုးသမီးတစ်ဦးဖြစ်သူ မိမဲ သည် ဘီလူး

      အသေလေးတစ်ကောင်ဖွားမြင်ခဲ့၏။

၂။  အင်းဝမြို့၏အရှေ့ဘက်ဒုဋ္ဌဝတီ(မြစ်ငယ်)မြစ်အတွင်း

      ၌ ရေသူမပေါ်ခဲ့သည်။

၃။  အင်းဝမြို့ရှိ သီပေါမင်းသားနေထိုင်ရာဝင်း၏ အ

      နောက်ဘက် ရေကန်ဟောင်းအတွင်း ညဘက်မိုးရွာ

      သွန်းမှု့ကြောင့် ရေများပြည့်လျှံနေရာ နံနက်ပိုင်း၌

      အမောက်လည်ဆံအစုံနှင့် နဂါးငယ်ငါးကောင်ပေါ်

      ထွက်လာခဲ့သည်။

၄။  အင်းဝမြို့အရှေ့မျက်နှာ ဒုဋ္ဌဝတီမြစ်လေးထောင့်ဝဲ

      အရပ်တွင် လုံးပတ်ထွာဆိုင်ခန့်ရှိသော နဂါးတစ်

      ကောင် ထွက်ပေါ်လာခဲ့သည်။

၅။  ဒုဋ္ဌဝတီမြစ်အတွင်း ညံကောင်ပေါ်ပေါက်ခဲ့သည်။

      (ပုံတွင် လှိုင်းတွန့်ကလေးများသဏ္ဍာန်မျဉ်းကောက်

       လေးများဖြင့် ရေးဆွဲဖော်ပြထား၏။)

၆။  တောင်တွင်းကြီးမြို့၌ ကျောချင်းဆက်အမွှာ ဖွားမြင်

      ခဲ့ရာ သုံးရက်မြောက်နေ့တွင် ကွယ်လွန်ခဲ့သည်။

၇။  ရတနာပူရ(အင်းဝ)မြို့ ယပ်တန်းမှ ကလေးသူငယ်

      တစ်ဦးသည် မွေးရာပါ ဦးခေါင်းအဆမတန်ကြီးမား

      လွန်းနေသူဖြစ်၏။

၈။  ပရိတ်နာဆက်ဆောင်တော်တွင် နတ်က ကိုယ်ထင်ပြ

      ခဲ့သည်။(ဤတွင် နတ်၏ပုံမှာ ဗောင်းစနှစ်စဝတ်၊ထိုင်

      မသိမ်းအကျီ င်္၊ အချိတ်ပုဆိုးဖြင့် သာမန်မင်းညီမင်း

      သားပုံစံမျှသာ တွေ့ရသည်။)

၉။  အင်းဝနန်းထက်၌ ပြသာဒ်ထုပိကာမကျမီ ၁၀ရက်

       အလိုက ညဘက်တစ်ချက်တီးကျော် ၆မောင်းအချိန်

       (ည ၉နာရီကျော်)တွင် နန်းတွင်းရှိ မဟာဂီရိနတ်

       ကွန်းမှ နတ်ကွန်းစောင့် နတ်ကြီးသုံးပါးလမ်းလျှောက်

       ၍ ဇေတဝန်ဆောင်တော်သို့ ဝင်သွားသည်ကို တွေ့

       မြင်ကြရ၏။

၁၁။ အင်းဝနန်းတော်၌ မိုးသေးမိုးဖွဲရွာပြီးနောက် မိုးကြိုး

       မခမီ ပရိတ်နာဆက်ဆောင်တော်အတွင်းတွင် နတ်

       ပျို တစ်ပါးက ကိုယ်ထင်ပြခဲ့သည်။

၁၂။ အင်းဝမြို့တော်တောင်ဘက် ငွေစင်ချောင်းအနီးနေ

       ရွှေဓားမှုးငွေခွန်ဝန် ဦးမှုံ၏ ခြံဝင်းအတွင်းရှိ ရေတွင်း

        မှ မီးတောက်မီးလျှံ များ ထွက်ခဲ့သည်။

၁၃။ အင်းဝမြို့အနောက်ရွာတွင် ထန်းပင်တစ်ပင်တည်း

        မှ ထန်းပင်အကိုင်းကြီးနှစ်ခွခွဲ ပေါက်နေသည်။

၁၄။ အင်းဝမြို့ဆရာတော်ဦးတိုးကျောင်းတိုက်ဝန်းအ

       တွင်းရှိ ငှက်ပျောပင်တစ်ပင်မှာ အမြင့်သုံးတောင်ခန့်

       ရှိပြီး အခိုင်ငါးခိုင်၊အဖူးငါးဖူးထွက်နေသည်။

၁၅။ အင်းဝမြို့ ရေနံချောင်းမင်းသား နေအိမ်ဝင်းအတွင်း

       ရှိ ရေကန်တွင် ကြာနီပန်းများ ၅ဆင့် ၄ဆင့် ၃ဆင့်

       အပင်သုံးမျိုးပွင့်နေသည်ကို တွေ့ရှိရသည်။

၁၆။ ဘကြီးတော်မင်းတရား နာမကျန်းဖြစ်နေစဉ် လိပ်ပြာ

       များမိုးကောင်းကင်အပြည့် ပျံသန်းသွားကြသကဲ့သို့

       စစ်ကိုင်းဘက်မှ အင်းဝကိုဖြတ်ပြီး တောင်ဘက်သို့

       စာငယ်များ မိုးကောင်ကင်အပြည့် ပျံသန်းသွားကြ

      ကုန်သည်။

၁၇။ ခရစ်နှစ် ၁၈၂၄ခုနှစ် အင်္ဂလိပ်တို့နှင့်နယ်စပ်ပြဿ

        နာဖြစ်ပွားကာ ရှင်မဖြူကျွန်းပိုင်ဆိုင်မှု့နှင့်ပက်သက်

        ၍ အရေးစကားပြောဆိုမှု့မပြီးပြတ်သေးခင် အင်းဝ

        ၌ လေပြင်းမုန်တိုင်းကျရောက်ပြီး မိုးသည်းထန်စွာ

        ရွာသွန်းလျှက် ရွှေနန်းပြသာဒ်တော်ကြီး၏ သတ္တမ

        ဘုံ ထုပိကာ ထီးနှင့်တကွ ကျိုးပျက်ကာ အနောက်

         တောင်ဘက်သို့ လျှောကျခဲ့လေသည်။

၁၈။ အင်းဝနန်းတွင်း မြင်းရထားတော်ထားသည့် ရထား

        တိုက်တော်အတွင်းရှိ မြင်းရထားမှာ ညအချိန်  မီး

        တောက်မီးလျှံကဲ့သို့ ဝင်းထိန်တောက်ပြောင်နေခဲ့

        သည်။

၁၉။ ဘကြီးတော်မင်းနန်းကျသွားပြီးနောက် နန်းတော်မှ

        ဆင်းရကာနီးအချိန်တွင် ထီးဖြူတော်ညစ်နွမ်းလျှက်

        ထီးစောင့်နတ်သမီး၏ ငိုကြွေးသံကြားရ၏။ ဘကြီး

        တော်မင်း နန်းကျပြီးသောအခါမှ ထီးဖြူတော်မူလ

        အရောင်အတိုင်း ပြန်လည်သစ်လွင်လာသည်။

၂၀။ ပဟိုရ်စင်တော်မှ ညနေသုံးချက်တီး ပဟိုရ်တီးခတ်

       ဆဲတွင် ခေါင်းလောင်းတော်အသံ ရုတ်တရက်ပျောက်

       သွားကာ သုံးရက်ကြာမှ အသံပြန်ထွက်လာ၏။

၂၁။ ညဉ့်အခါမိုးသည်းထန်စွာ ရွာသွန်းပြီး အင်းဝနန်းတွင်း

      မှန်နန်းဆောင်လက်ဝဲဘက်ရှိ ကွမ်းစင်တိုင် နှစ်တိုင်

      ကို မိုးကြိုးပစ်ခဲ့၏။

၂၂။ ဘကြီးတော်မင်း နန်းတက်လုနီးအချိန်တွင် တက်သေး

      အင်းအတွင်းထားသည့် တောင်လုံးမှိုင်းခတ်လှေတော်

      မြောက်အရပ်သို့ ဝါးဆယ်ပြန်မျှ အလိုလိုဆန်တက်

      သွားသည်။

၂၃။ ဘကြီးတော်မင်းတရား နာမကျန်းဖြစ်တော်မူစဉ် ရှင်

       ဖြူဘုရား ရုပ်ပွားတော်မြတ်မှာ မျက်နှာတော်မှစ၍

       ကိုယ်တော်အလုံး အမည်းရောင်သန်းလာခဲ့သည်။

၂၄။ ဘကြီးတော်မင်း နာမကျန်းဖြစ်စဉ် မဟာမုနိရုပ်ပွား

       တော်မြတ်မှ ချွေးများယိုစီးကျလာခဲ့သည်။

၂၅။ ဘကြီးတော်မင်းလက်ထက် ရတနာပူရ အင်းဝမြို့

       တော်တွင် နံနက်ပိုင်း၌ နေမင်းကြီးသည် အရံနေ

       တစ်စင်းနှင့်တကွ နှစ်စင်းပြိုင်ထွက်ပေါ်ခဲ့သည်။

၂၆။ ဘကြီးတော်မင်းလက်ထက် နေထွက်လာချိန်တွင်

       နေဝန်း၌ အနီ အပြာ အဝါ အစိမ်း ရောင်များထင်နေ

       သည်ကို တွေ့ရ၏။

၂၇။ ဘကြီးတော်မင်းလက်ထက် မိုးကောင်းကင်တစ်ခွင်

       လုံး မိုးတိမ်များသွေးအရောင်ကဲ့သို့ရဲရဲနီနေသည်

       ကိုတွေ့ရ၏။

၂၈။ ဘကြီးတော်မင်းလက်ထက် ကြယ်တံခွန်နှစ်စင်းကို

       တစ်ပြိုင်နက် တွေ့မြင်ကြရသည်။

၂၉။ နေ့ခင်းဘက်တွင် ကြယ်နှင့် လ တို့ အတူထွက်ပေါ်

       လာသည်ကို တွေ့မြင်ကြရသည်။

၃၀။ ဘကြီးတော်မင်းလက်ထက် အာသံမဏိပူရ ဂေါ်ရ

        ခေါင်မြို့၌ အမှု့ထမ်းနေသောဗိုလ်မှုးမဟာသီလဝ

        က ကရဝိတ်ငှက်အသေတစ်ကောင်ရရှိသဖြင့်ရွှေ

        နန်းတော်သို့ အရောက်ဆက်သသည်။


" သာယာဝတီမင်း လက်ထက် (၁၈၃၇-၁၈၄၆ ) "

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၁။  သာယာဝတီမင်းလက်ထက် မင်းကြီးနာမကျန်းဖြစ်

      စဉ် ရွှေနန်းတော်ဦးကျောင်းတော်ရှိ ရှင်ဖြူဘုရား၏

      မျက်နှာတော် ညိုမည်းနေခဲ့သည်။

၂။  သာယာဝတီမင်းနတ်ရွာစံလုနီး အချိန်တွင် မှန်နန်း

      တော် ဘမယာသနပလ္လင်ထက်၌ စိုက်ထူထားသည့်

      မနောဟရထီးဖြူတော် ညစ်နွမ်းနေပြီး ဘုရင်မင်း

      မြတ်နတ်ရွာစံလွန်ပြီးချိန်မှသာ မူလအတိုင်းပြန်လည်

      သစ်လွင်လာခဲ့သည်။

၃။  သာယာဝတီမင်း နာမကျန်းဖြစ်တော်မူစဉ် ဆက်သမြဲ

      ဖြစ်သည့် ဆေးတော်ခွက်ဖလား အလိုမလျောက် ကွဲ

      ပဲ့သွားခဲ့၏။

၄။  မင်းတဲ အရပ်၌ တောင်းထဲထည့်ထားသော ဆန်စေ့

      များက အပင်များစွာပေါက်လျှက်ရှိရာ လွှတ်တော်သို့

      အပင်ပေါက် ဆန်တောင်းလာရောက်ပြသဆက်သွင်း

      ခဲ့ရသည်

၅။  ၁၈၃၈ခုနှစ်တွင် ငလျှင်အကြီးအကျယ်လှုပ်၍ အမရ

      ပူရမြို့တော်၌ မြေကြီးများ အစိတ်စိတ်အမြွှာမြွှာကွဲ

      အက်ခဲ့သည်။

၆။  သာယာဝတီမင်းသည် မင်းသားအဖြစ်နှင့် အင်းဝမှ

      ရွှေဘို(ရတနာသိင်္ခ)သို့ ထွက်ခွာလုနီးအချိန်တွင် ဆန်

      ကောအတွင်း သိပ်ထားသည့် ကလေးငယ်က ထ၍

      ဟစ်ကြွေးသည်။

၇။  သာယာဝတီမင်း နန်းတက်လာပြီးနောက် သီပေါမင်း

      သား(ဦးမှေး) သည်တွန်မြည်သည့်အခါ အသံအလွန်

      ရှည်ရှည်တွန်တတ်သည့် ကြက်ဖမျိုးကို ရှမ်းပြည်နယ်

      မှရ၍ ဆက်သခဲ့သည်။

၈။  သာဝတီမင်း နာမကျန်းဖြစ်စဉ် ညအချိန်ပွဲတော်တင်

      ရာ ပွဲတော်အုပ်ကို အလိုမရှိသော နတ်တို့ကတွန်းချ

      မှောက်ပစ်ခဲ့သည်။(တချို့က ပွဲတော်အိုးသုံးလုံး ကို

      ရွှေဒေါင်းပေါင်နှင့် ယူသွားရာ ရွှေဒေါင်းပေါင် အုပ်

      ဆောင်းနှင့် ပွဲတော်အုပ်သုံးလုံးက စလောင်းများကို

      လွှင့်ပစ်ပြသည် ဆို၏။)

၉။  အမြင့်တစ်တောင်ခန့်ရှိသော ငါးလုံးတစ်ခိုင် သုံးလုံး

      တစ်ခိုက်သီးနေရာ မင်းအိုကျောင်းတိုက် ထီးလင်း

      ဆရာတော်ကျောင်းသို့ ပေးပို့ခဲ့သည်။

၁၀။အမရပူရမြို့ ပုခန်းမင်းကြီးဝင်းတော်၏ အရှေ့ဘက်

       ရှိ ဝန်စုရပ်နေ မောင်ဦးကာ၏ အိမ်ခြံဝင်းပေါက်ဝ

       တွင် လောင်မီးကျ၍ လည်ကျိုးနေသောစွန်ပလွံပင်မှ

       အညွန့်များထွက်လျှက် အသီးသီးသည်။

၁၁။ခရစ်နှစ် ၁၈၃၉ခုနှစ်တွင် အမရပူရမြို့တော်တွင်း

       အရှေ့တောင်ထောင့်ရှိ လက်နက်တိုက်တော်မီးသင့်

       လောင်ကျွမ်းသည်။

၁၂။သာယာဝတီမင်း နာမကျန်းဖြစ်စဉ် ကြယ်တံခွန်သုံး

      စင်းထွက်သည်ကို မြင်ကြရ၏။

၁၃။နေတွင် အဖြူအဝါအပြာအစိမ်း အနားလေးထပ်ဝန်း

       ရံလျှက်တွေ့မြင်ကြရ၏။


 "ပုဂံမင်း လက်ထက် (၁၈၄၆ - ၁၈၅၂ ) "

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၁။  ပုဂံမင်းလက်ထက်တွင် အမရပူရမြို့တော်မြောက်ပြင်

      သာမိုးမြောက်ရပ်ရှိ သစ်ပင်တစ်ပင်ထက်၌ ကျီးကန်း

      တစ်ကောင်ခိုနားလေ့ရှိပြီး ယင်းကျီးကန်းက ဇရက်

      သံ၊ ကျေးသံ၊ ပုဇဉ်းသံ စသည့်အသံမျိုးစုံကိုအော်

      မြည်တတ်၏။၎င်းင်း ကျီးမျိုးမှာ မင်းတုန်းမင်းလက်

      ထက်အထိ ရှိနေခဲ့သည်။

၂။  ပုဂံမင်းလက်ထက်တွင် ပုခက်တွင်း၌ရှိသော ကလေး

      ငယ်လေးက မတ်တပ်ထရပ်ပြသည်။

၃။  ကြက်ဖတစ်ကောင်မှာ ပါရှိမြဲခြေနှစ်ချောင်းအပြင်

      ခြေပွားနှစ်ချောင်းထပ်၍ ထွက်နေသဖြင့် အားလုံး

      ခြေလေးချောင်းဖြစ်သည်ကို တွေ့ရ၏။၎င်းင်းကြက်ဖ

      ကို အမရပူရမြို့အရှေ့တောင်တောရ ဦးစန္ဒိမာ

       ကျောင်းတိုက်သို့ ပေးပို့လိုက်သည်။

၄။  ကျောကုန်းတွင် အမွှေးများစွာပေါက်နေသော လိပ်

       တစ်ကောင်ကိုလည်း တွေ့ရှိရသည်။

၅။  ပုဂံမင်းလက်ထက်တွင် တောင်သမန်အင်းအတွင်း၌

      အင်းရေပြင်မှ မဖြစ်စဘူး အစိမ်း အပြာ အညိုရောင်

      အဆင်းများဖြစ်ပေါ်ပြီး ငါးကြီးငါးငယ်များရေတွင်

      ပေါလောပေါ်ကာ သေဆုံးကြကုန်၏။ယင်းငါးများ

      ကို စားသုံးသူများလည်း ဘေးဥပဒ်ဖြစ်ကြရသည်။ 


"  မင်းတုန်းမင်း လက်ထက် ( ၁၈၅၂ -၁၈၇၈ ) "

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၁။  မင်းတုန်းမင်း လက်ထက်တွင် မှိုပွင့်မှဘုရားရုပ်ပုံ

     ပေါ်လာသဖြင့် တစ်ထောင်ခန့်ရှိသောမှိုပွင့်အများ

     အပြားကို မြောက်အရပ်မှ ဆက်သလာသည်။

၂။  ရွှေတချောင်းအနီး ဦးခေါင်းနှစ်လုံးရှိသော ကလေး

    အသေတစ်ယောက်ကို မွေးဖွားပြီးစွန့်ပစ်ထားခဲ့သည်။

၃။  ခရစ်နှစ် ၁၈၇၇ခုနှစ်တွင် မန္တလေးတောင်အရှေ့ဘက်

      ကုသိုလ်တော် မဟာလောကမာရဇိန်ဘုရား အရှေ့

      မျက်နှာ မဟာရံ အရှေ့မုခ်အထွက် တောင်ဘက်ခြမ်း

      တွင် မိုးရွာသွန်းမှု့မရှိပဲ မဟာရံတံတိုင်အတွင်းရေ

      တသွင်သွင်စီးကျနေသည်ကိုတွေ့ရ၏။

၄။  မင်းတုန်းမင်း၏ မင်္ဂလာအ်ိမ်တော်တွင် မီးပူဇော်သည့်

      မာလိန်တိုင်မှ စက်သီးကြိုးပြုတ်ထွက်သွားသော်

      လည်း မှန်အိမ်အလုံး ၁၀၀ကျော်မှာ မြေသို့ပြုတ်မကျ

      ပဲ တည်မြဲတည်နေသည်ကို ထူးဆန်းစွာတွေ့ရသည်။

၅။  အမရပူရမြို့တော် တောင်ပြင်၌ အမြင့်တစ်တောင်ခန့်

      သာရှိသော မန်ကျည်းပင်ငယ်မှ အသီးများစွာသီးနေ

      သည်။

၆။  မင်းတုန်းမင်း ရတနာသိင်္ခမြို့(ရွှေဘို)၌ စံနေစဉ် နှင့်

      အမရပူရမြို့ စံနေစဉ်အခါက ကြယ်တံခွန်သုံးကြိမ်

      ထွက်ပေါ်ခဲ့ဖူးသည်။ရတနာပုံရွှေမြို့တော်၌ ပြောင်း

     ရွှေ့စံတော်မူစဉ် ကြယ်တံခွန်နှစ်ကြိမ်ထွက်ပေါ်သည်

      ကို ထပ်မံမြင်တွေ့ကြရပြီး ကြယ်တံခွန်များမှာ အမြီး

       ရှည်တန်းလျှက် တွေ့မြင်ရသည်။

၇။   ဒေါနခြံ ခေါ် ရွှေယင်းမာဥယျာဉ်တော် အတွင်း၌ အ

       ချိန်အခါမဟုတ် သရက်သီး၁၀လုံးသီးသဖြင့် မင်း

       တုန်းမင်းကြီးထံ ဆက်သလာသည်။

၈။  ရတနာပုံမြို့တော် အနောက်မျက်နှာ ပုဏ္ဏားစုရပ်၌

      ပိုးစာပင်တစ်ပင်၏  အရွက်များမှာ အန္ဒိယတိုင်းသူ

      တစ်ဦး၏ ဦးခေါင်းပုံ ရေးဆွဲထားသကဲ့သို့ တွေ့မြင်

      ကြရသည်။

၉။  မင်းတုန်းမင်း လက်ထက် ၁၈၅၇ခုနှစ်က အမရပူရ

      မြို့တွင် ဆင်ဖြူတော်(ဆဒ္ဒန်ဆင်မင်း)သေဆုံးလုနီး

      အချိန်၌ ရွာဟိုင်းစျေးရပ်ရှိ သဖန်းပင်နှင့်သရက်ပင် 

      တို့မှ ရေပေါက်များစီးကျလာကြောင်း သစ်တောဝန်

      ဦးရွှေတုတ်က လွှတ်တော်၌ လျှောက်ထားသည်။

၁၀။ခရစ်နှစ် ၁၈၇၈ ခုနှစ်က နေတွင်တံကျင်လျှိုထားသ

      ကဲ့သို့ တွေ့မြင်ကြရသည်။

၁၁။ခရစ်နှစ် ၁၈၆၆ ခုနှစ် မြင်ကွန်း မြင်းခုံတိုင်မင်းသား

      များအရေးတော်ပုံ ဖြစ်ပွားစဉ် မှန်နန်းတော်ဆောင်

      အတွင်းရှိ ထီးဖြူမှာ ညစ်နွမ်းသွားခဲ့ရပြီး အရေးတော်

      ပုံပြီးဆုံးသွားမှသာ မူလအရောင်အတိုင်းပြန်လည်ဖြစ်

      လာလေသည်။

၁၂။မင်းတုန်းမင်းလက်ထက် ရတနာပုံမြို့တော်အရှေ့ပြင်

      ရပ်ရှိ ဆရာတော်ဦးကေတု၏ ဇီဝိတာရာမတောင်စလင်း

      တိုက်အတွင်းသို့ ကျားတစ်ကောင်ဝင်ရောက်လာသည်။

၁၃။မိုးကောင်းကင်မှ ဥက္ကာပျံကြီးတစ်စင်း အရှေ့မြောက်

      အရပ်မှ အနောက်တောင်အရပ်သို့ ဖြတ်သန်းဝဲပျံ

      သွားခဲ့သည်။

၁၄။ ကြာသာပတေးဂြိုလ် အနီရောင်ပြောင်းလာပြီး အခိုး

        အငွေ့များထွက်လာသည်ကို မြင်ကြရသည်။

၁၅။ ကြာသာပတေးဂြိုလ်နှင့် သောကြာကြယ်နှစ်ခုပြိုင်

       လျှက် လ အနီးသို့ချဉ်းကပ်လာသည်။


"  သီပေါမင်း လက်ထက် ( ၁၈၇၈ - ၁၈၈၅ ) "

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၁။  သီပေါမင်း၏ မင်္ဂလာအိမ်တော်တွင် အိုးဖြင့်သိပ်ထား

      သော မုန်လာချဉ်ရွက်အိုးအတွင်းမှ မုန်လာဥနှင့်တ

      ကွ မုန်လာပင် အစိမ်းပင်ကို တွေ့ရှိရသည်။

၂။  စားသောက်ပြီးသား ပြောင်းဖူးအူတိုင်၏ အစေ့အိမ်     

      ကလေးများမှ အညှောင့်အညွန့်များ ထွက်လာသည်။

၃။  ညောင်ရေအိုးတွင် စိုက်ထားသည့် သွေ့ခြောက်ပြီး

      သား သပြေပန်းမှ အကိုင်းအခက်အညွန့်များ ထွက်

     ပေါ်လာခဲ့သည်။

၄။  ခရစ်နှစ် ၁၈၅၈ခုနှစ် သီပေါမင်းဖွားမြင်ပြီးနောက်

      ပုခက်တင်အခမ်းအနားတွင် အသုံးပြုခဲ့သည့် မင်္ဂ

      လာ ဧယဉ်ခုံ၌ ဗောဓိညောင်ပင်ပေါက်ရောက်သည်

     ကိုတွေ့ရသဖြင့် မဟာမုနိဘုရားဝင်းအတွင်းသို့ရွှေ့

     ပြောင်း စိုက်ပျိုးခဲ့ရသည်။

၅။  သီပေါမင်းသားဘဝက မင်္ဂလာအိမ်တော်တွင်စံနေ

      ရာမှ သုဓမ္မာဇရပ်သို့ထွက်ပြီး ပထမပြန်ဆိုသည့်

      အခါ ဆေးလိပ်ထုပ်ထားသောပုဝါကို စွန်ချီ၍ မြေ

      နန်းတော်ဦး၌ ချထားရစ်ခဲ့သည်။

၆။  သီပေါမင်းသား ပထမပြန်ဆိုတော်မူစဉ် သုဓမ္မာဇရပ်

      တွင် ခင်းကျင်းတီးယွန်းသော ဒိန္ဒိမဝိဇယစည်တော်

      ကြီးများအား ကြိမ်ဂန်ိုင်အမည်ရှိ ဆင်တော်ကအစွယ်

      ဖြင့် ဝင်ရောက်တိုးဝှေ့ခဲ့သည်။

၇။  ခရစ်နှစ် ၁၈၈၅ခုနှစ် သီပေါမင်းစံတော်မူစဉ်ကာလ

      တွင် နန်းတော်ဆောင်တော်ဦးဘုရားဘောင်ရှိ ညောင်

      ရေအိုးများတွင် စိုက်ထားသော သပြေပန်းများ အလို

      အလျောက် အောက်သို့လျှောကျခဲ့သည်။

၈။  ခရစ်နှစ် ၁၈၈၅နှစ်ဦးပိုင်းကာလ တွင် ရတနာသိင်္ခ

      (ရွှေဘို)မြို့ ဆင်ကွပ်ရွာ မြတ်စွာဘုရားရုပ်ထုတော်

      မှ သွေးများယိုစီးကျလာသည်။မဟာမုနိဘုရား

      ရောင်ခြည်တော်လွှတ်သည်။

၉။  နံတော်သင့်တည်တော်မူသော ရတနာပုံ မြို့တော်

      အရှေ့တောင်ထောင့် လောကရန်နှိမ်ဘုရားရှိ ခြင်္သေ့

      မှရေများစီးထွက်လာသည်။

၁၀။ခရစ်နှစ် ၁၈၈၅ခုနှစ်အတွင်း ညဉ့်အခါလွှတ်တော်

      အောက်မှ ခွေးများ ခြောက်လှန့်ပစ်ခတ်မနိုင်အောင်

      ကြိမ်ဖန်များစွာအူကြသည်။

၁၁။ခရစ်နှစ် ၁၈၈၅ခုနှစ်တွင် ဧရာဝတီမြစ်အတွင်းမှ

      မိကျောင်းတစ်ကောင်ဖမ်းဆီးရမိသည်။ကောင်းကင်

      ၌လည်း ကြယ်တံခွန်ကိုအမြီးရှည်လျားစွာတန်းလျှက်

      တွေ့မြင်ကြရသည်။

၁၂။ ခရစ်၁၈၈၅ခုနှစ်အတွင်း မိုးကောင်းကင်တစ်ခုလုံး

      ရဲရဲနီလျှက်ရှိသည်ကို မကြာခဏမြင်ကြရသည်။

၁၃။သီပေါမင်း ပါတော်မူ၍ နန်းတွင်းမှ ဆင်းလုဆဲအ

      ချိန်တွင်မှန်နန်းဆောင်ဘမယာသနပလ္လင်မှ ထီးဖြူ

       တော် လှုပ်ယမ်းနေသည်ကိုတွေ့ရသည်။

၁၅။ ခရစ်နှစ်၁၈၈၅ခုနှစ်နိုဝင်ဘာလ၂၇ရက်နေ့(ပါတော်

       မမူမီ၂ရက်အလို)တွင် ကောင်းကင်မှကြယ်များအ

       များအပြားကြွေကျလာသကဲ့သို့မြင်ကြရသည်။


စာကိုး။       ဒေါက်တာသန်းထွန်း"သမိုင်းထဲကဒီဇိုင်း"

                  တင်နိုင်တိုး"ရာဇဝင်ထဲကဖြစ်ရပ်ဆန်းများ"

                  တို့မှကောက်နှုတ်ဖော်ပြပါသည်။


#CRDဆရာကိုဖိုးကျော်

#နော်ဂဲလယ်ထူး(စာပေပရဟိတ)

#GoodLuck

ဧရာဝတီမြစ်၏ အစကို တွေ့ရှိခဲ့သောသူ ပြင်သစ်မင်းသား

 


@@@@@@@@@@@@@@


ဧရာဝတီမြစ်ကိုကား ယေဘုယျအားဖြင့် ယူနန်ပြည်၏ အရေးပါသော ထွက်ပေါက်လမ်းမကြီးအဖြစ် လက်ခံထားခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ဤမြစ်အကြောင်း ပိုမိုသိရှိရန် စူးစမ်းခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ အချိန်ကာလအထိ ဧရာဝတီမြစ်၏ အထက်ပိုင်းကို မည်သူမျှ မသိကြသေးပေ။ အတိအကျ ပြောနိုင်သည်ကား ဗန်းမော်မြို့ အထိသာ ဧရာဝတီမြစ်ကို သိရှိသေးသည်။ ဗန်းမော်မြို့ကို လွန်၍ ဧရာဝတီ အထက်ပိုင်းကို မည်သူမျှ မသိကြသေးပေ။


သီပေါဘုရင် ပါတော်မူပြီး ၁၀ နှစ်အကြာ ၁၈၉၅ ခု၊ ဇန်နဝါရီလတွင် ပြင်သစ်ပြည်မှ မင်းသား ဟင်နရီ (Prince Henri d’Orleans) သည် ဗီယက်နန်ပြည် (ဟနွိုင်းမြို့အနီး) ဟိုင်ဖုံဆိပ်ကမ်းမှ ကာလကတ္တားသို့ ခြေလျင်ခရီးကြမ်း သွားခဲ့ပါသည်။ ဒုက္ခအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ပြီး တစ်နှစ်အကြာ၊ ၁၈၉၆ခု၊ ဇန်နဝါရီလတွင် ကာလကတ္တားသို့ ရောက်ရှိသွားပါသည်။


သူ၏ ရည်ရွယ်ချက်မှာ ဧရာဝတီမြစ်၏ အစကို ရှာဖွေရန် ဖြစ်ပါသည်။ သူ၏ ဝါသနာအရ ကမ္ဘာက မသိသေးသော တိရစ္ဆာန်များ၊ ထူးဆန်းလှပသည့် သစ်ပင်ပန်းမန်များကို ရှာဖွေမှတ်တမ်းတင်ရန်လည်း ရည်ရွယ်ပါသည်။ သိပ္ပံပညာ စူးစမ်းလေ့လာရန် သက်သက် သွားရောက်ခြင်း ဖြစ်ပါသည်။


ခရီးသွားသောအခါ ပြင်သစ်ပိုင် ဆစ်ပ်ဆောင်ချူတိုင် (ချူထိုင် ၁၂ နယ်)၊ မြန်မာပိုင်ခဲ့ဖူးသည့် ဆစ်ပ်ဆောင်ပန္နား (လူး ၁၂ ပန္နား)၊ ယူနန်နယ် မဲခေါင်-သံလွင်တို့ကို ဖြတ်သန်းပြီး မြန်မာပြည်မြောက်ဖျား လူသူရောက်ပေါက်ရန် ခဲယဉ်းသည့် “ခမ္မတီးနယ်” ကို ဖြတ်သွားပါသည်။ “ခမ္မတီး” (Kampti) ဟူသည် ချင်းတွင်းမြစ်ပေါ်က “ခန္တီး” နယ် မဟုတ်ပါ။


မင်းသားနှင့် အဖွဲ့ကို ခမ္မတီးစော်ဘွား “လုံးခွန်” နှင့် အမတ်ချုပ် “ဦးဟေထောင်” တို့က ကြိုဆိုကြပါသည်။ သူတို့တည်းခိုရန် သက်ကယ်မိုး ဇရပ်တစ်ဆောင်လည်း ပေးထားပါသည်။


ခမ္မတီးမြို့နယ် အကြောင်းကိုလည်း သူတို့၏ မှတ်တမ်းများထဲ၌ သိသမျှ ဖော်ပြသွားပါသည်။ ခမ္မတီးနယ်သို့ ဧည့်သည်များ အရောက်အပေါက် နည်းသည်။ ခရစ် ၁၈၉၃ က “ဂရေး” ဆိုသည့် အင်္ဂလိပ်ဗိုလ်မှူးတစ်ယောက် မြေတိုင်း မြေပုံဆွဲရန် ရောက်လာဖူးသည်။ သူ့အရင် ၂ နှစ်၊ ခရစ် ၁၈၉၁ က ဗိုလ်မှူး (Hobday) ဟော့ဒေး ဆိုသူ ရောက်လာသည်။ ခမ္မတီး၏ မြောက်ဘက်သို့ သွားရန် ကြိုးစားခဲ့သော်လည်း ဆင်ဘို (ဂျင်းဖော) လူမျိုးများက လုံးဝလက်မခံခဲ့သောကြောင့် ရှေ့မတိုးနိုင်ဘဲ လှည့်ပြန်ခဲ့ရသည်။


ယခုလည်း မင်းသား ဟင်နရီနှင့် ပါလာသည့် အင်ဂျင်နီယာ အီမိုင်းရော့ ( Emile Roux) က ဧရာဝတီနှင့် ပတ်သက်ပြီး ဤသို့ မှတ်ချက်ရေးပါသည်။ (Emile; 1999, page 166)


” ဧရာဝတီ မြစ်ဖျားဒေသ ချောင်းမြောင်းတွေ အများကြီး။ အဲ့ဒီ ချောင်းမြောင်းတွေ ဖြစ်လာမည့် မိုးရေခံတဲ့ဒေသ (Basin) က ဧရာမ ဧရာမ အကျယ်ကြီး။


ရွာတဲ့ မိုးရေချိန်ကလည်း အများကြီး။ သစ်တောကြီးတွေကလည်း ဧရာမ ဧရာမ အကျယ်ကြီး။ မျက်စိတစ်ဆုံး (သစ်တောကြီးရင် မိုးများတယ်ဆိုတဲ့ ပတ်ဝန်းကျင် ဆက်နွယ်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။)


မိုးမရှိတဲ့ နွေကာလမှာလည်း မြစ်ဖျား ချောင်းဖျားမှာ ရေအပြည့် စီးဆင်းနေတယ်။ ဘာလို့ဆိုရင် တောင်ထိပ်က ရေခဲတွေ အရေပျော်လို့ ဖြစ်ပါသတဲ့။ ဒီအကြောင်း တွေကြောင့် ဧရာဝတီမြစ်ဟာ ဧရာမ ရေအလျဉ်ကြီး ဖြစ်နေပါသတဲ့။ (စဉ်ဆက်မပြတ် လှေ၊ သင်္ဘောတွေ သွားလာ အသုံးပြုလို့ ရတယ်လို့ ဆိုလိုတာပါ။)”


ခမ္မတီးမှ ဟင်နရီတို့အဖွဲ့ ခရီးဆက်ကြပါသည်။ အာသံပြည်မှ ဆာဒီယမြို့ကလေးသို့ ဦးတည်ပြီး သွားကြသည်။ ရိက္ခာ မလုံလောက်ပါ။ အဖျားအနာ ထူထပ်လှသည်။ အထမ်းသမားများလည်း ဖျားကြသည်။ အအေးဓာတ်ကား ၁၃ ဒီဂရီ စင်တီဂရိတ် ရှိလေ၏။ ညရောက်လျှင် ရေခဲသည်။ တောထူသောကြောင့် ရှေ့ ၁၅ ပေထက် ပို၍ မမြင်ရပါ။ လမ်းဟူ၍ မမြင်ရ။ ရှိလည်း မရှိ။ ကျားနဲ့ ကြံ့များ (ခြေရာတွေ) ပေါပါသည်။ အထမ်းသမား တစ်ဦး ကျားဆွဲ၍ ပါသွားရာ ရှာမတွေ့တော့ပေ။


ခရီးသွားခဲ့ကြသည်မှာလည်း အတူတူ။ ငတ်ကြ ပြတ်ကြလျှင်လည်း အတူတူ။ တစ်ယောက်နှင့် တစ်ယောက် ညီရင်း အစ်ကို ရဲဘော်ရဲဘက်တွေများကဲ့သို့ပင် ခင်မင်နေကြပြီ ဖြစ်သည်။ သူက အထမ်းသမား၊ ငါက မင်းသား ဟူ၍ မရှိတော့ပေ။ အင်ဂျင်နီယာကိုလည်း ဖျားသောကြောင့် လမ်း၌ပင် နှင်းတောထဲတွင် တစ်ဘက်ရပ် (ငှက်ပျောရွက်မိုး) တဲကလေးနှင့် ထားခဲ့ရသည်။ အထမ်းသမားများ ဖျားလျှင်လည်း လမ်း၌ အစာရေစာ ၃၊ ၄ ရက်စာနှင့် ထားခဲ့ရသည်။ ယင်းသို့ ထားခဲ့ရသည့်အခါ တစ်ယောက်နှင့် တစ်ယောက် ဝမ်းနည်းကြရလွန်း၍ ဖက်ငိုခဲ့ကြရသည်။ ( အဖျားသက်သာသော အခါ၌ကား အမီ လိုက်လာနိုင်ကြပါသည်။)


မင်းသားတို့အဖွဲ့ နောက်ဆုံး လျှောက်ခဲ့သည့် ခရီးသည်ကား တောင်ထပ် ရေဝေကြောကြီး။ တောင်ဘက်ကို ကြည့်လိုက်လျှင် ချောင်းငယ်လေးများ များစွာပေါင်းပြီး ဧရာဝတီမြစ်ကြီး ဖြစ်သွားသည်။ မြောက်ဘက်သို့ ကြည့်လိုက်လျှင် ချောင်းငယ်လေးများ စီးဆင်းပြီး ဗြဟ္မပုတ္တရမြစ်ကြီး ဖြစ်သွားသည်။


မင်းသားဟင်နရီသည် သူတွေ့ချင်နေခဲ့သည့် ဧရာဝတီမြစ်၏ အဖျားကိုသာမက ဗြဟ္မပုတ္တရမြစ်ဖျားကိုပါ တွေ့ရသဖြင့် အသက်စွန့်ရကျိုး၊ ပင်ပန်းဆင်းရဲခံရကျိုး နပ်ပါသည်တဲ့။ သူသည် ပြင်သစ်လူမျိုးထဲတွင် ဧရာဝတီမြစ်၏ အစကို ပထမဆုံး တွေ့ရှိရသူ ဖြစ်ပါသည်။


အစာရေစာပြတ်၊ ဒုက္ခအဖုံဖုံ ဆင်းရဲပင်ပန်းခံရပြီး ဗြိတိသျှ ကင်းစခန်းလေးရှိရာ “ဆာဒီယ” သို့ ရောက်ရှိလာခဲ့ပါသည်။ ဒီဇင်ဘာလ၏ နေ့တစ်နေ့တွင် ဖြစ်ပေသည်။ ထွက်လာခဲ့ကြသည်မှာ တစ်နှစ်ရှိလေပြီ။


ဆာဒီယမှ ဆင်နှင့် ပို့ပေးသဖြင့် ကာလကတ္တားသို့ ရောက်ကြသည်။ ယူနန်မှ ငှားလာသော အထမ်းသမားများကို ခရီးစရိတ် အလုံအလောက်ဖြင့် ရန်ကုန်-မန္တလေး မှတစ်ဆင့် နေရပ်သို့ ပြန်ပို့ပေးပါသည်။


၁၈၉၈ တွင် ခရီးသွား စာအုပ်များကို ပြင်သစ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၁၉၉၇ တွင် White Lotus မှ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေခဲ့ပါသည်။


#CRDဆရာဝန်တင်မောင်ကြည်၏ ရေးသားချက်ကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်။

#နော်ဂဲလယ်ထူး(စာပေပရဟိတ)

#GoodLuck

နာမည်ကြီး ရန်ကုန်အင်းစိန် အကျဉ်းထောင်သမိုင်း

 

၁၈၅၂ခုနှစ်ကနေ ၁၈၅၃ခုနှစ်အတွင်းပုဂံမင်းလက်ထက် မှာ အင်္ဂလိပ်_မြန်မာဒုတိယစစ်ပွဲဖြစ်ပွားပြီးရန်ကုန်အပါဝင် မြန်မာပြည်အလယ်ပိုင်းဟာ ဗြိတိန်လက်အောက် ကျရောက်သွားခဲ့တယ်။ အင်္ဂလိပ်မြန်မာပြည်အောက်ပိုင်းနဲ့အလယ်ပိုင်းကိုသိမ်းပိုက်ထားတဲ့အတွက် မခံနိုင်လို့ထချသူတွေ၊ တော်လှန်သူတွေ စတဲ့သူတွေရဲ တိုက်ခိုက်တဲ့တိုက်ပွဲငယ်တွေနဲ့မကြာခဏရင်ဆိုင်ရတယ်။


ဒီအခါမှာ အင်္ဂလိပ်ဟာ အုပ်ချုပ်ရေးငြိမ်ဝပ်ပိပြားဖို့အတွက် အကျဉ်းထောင်စနစ်ကို စတင်ပါတော့တယ်။အဲ့ဒီကတစ်ဆင့် အုပ်ချုပ်ရေးစနစ်ခိုင်မာတောင့်တင်းအောင် အခြေချဖို့ ဂတ်တွေ၊ရုံးတွေ၊ထောင်တွေကိုစတင်တည်ထောင်ပါတယ်။


၁၈၆၄ခုနှစ်မှာ အကျဉ်းထောင်ဌာနကို စတင်ဖွင့်လှစ်ခဲ့ပြီး ဆေးမင်းကြီးလက်အောက်မှာ ထားရှိအုပ်ချုပ်စေတဲ့အပြင် မြို ရွှာသန့်ရှင်းရေးနဲ့ ကျောက်ဆေးထိုးဌာနတွေကိုလည်း တစ်ချိန်တည်းကြီးကြပ်စေခဲ့တယ်။၁၈၇၂ခုနှစ်မှာ ယခင်ဆေးမင်းကြီးအုပ်ချုပ်နေရာကမှ အကျဉ်းထောင်ဌာနကို ထောင်မင်းကြီးသီးသန့်ခန့်ထားပြီး အုပ်ချုပ်စေခဲ့တယ်။အဲ့ဒီလိုနဲ့ မြန်မာပြည်မှာခေတ်မီအကျဉ်းထောင်စနစ်မရှိခဲ့ရာကနေ ၁၈၆၁ခုနှစ်မှာတော့ ရန်ကုန်ထောင်ကို တည်ဆောက်ခဲ့ပြီးတဲ့နောက် မြန်မာမှာသာမက အရှေ့တောင်အာရှမှာပါအကြီးဆုံးဖြစ်တဲ့ အင်းစိန်ထောင်ကြီးကို သီပေါမင်းပါတော်မူကြီး၄နှစ်အကြာ ၁၈၈၉ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပါတော့တယ်။



အကျဉ်းထောင်မတည်ဆောက်မီ အင်းစိန်မြို့နေရာဟာ ရွှာငယ်သာသာမျှသာရှိပါသေးတယ်။အင်းစိန်မြို့ကို စတင်တည်ဆောက်ခဲ့တဲ့နေရာဟာ ယခု ရွာမရွာကြီးဖြစ်ပါတယ်။ ရွာမရွာကြီးတစ်ဝိုက်သစ်တောကြီးတွေဖုံးလွှမ်းနေပြီးမင်္ဂလာဒုံတောနဲ့ဆက်စပ်နေပါတယ်။ယခုလက်ရှိမင်္ဂလာဒုံကို အထက်မင်္ဂလာဒုံဆိုပြီးတစ်မျိုး၊ယခု အင်းစိန်မြို့နေရာကို အောက်မင်္ဂလာဒုံဟူ၍ တစ်နည်း ခေါ်ဝေါ်ကြတယ်။ အင်းစိန်အကျဉ်းထောင်ကို ၁၈၈၉ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး၁၈၉၂ခုနှစ် ဇူလိုင်လမှာ စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရှိရတယ်။


အကျဉ်းထောင်မတည်ဆောက်ခင် ယခုအင်းစိန်ထောင်ဝင်းကြီး တည်ရှိရာမြေနေရာမှာ သရက်ခြံ၊ကနစိုခြံ၊ပိန္နဲခြံကြီးတွေအုပ်ဆိုင်းနေပြီး ဗြိတိသျှအစိုးရ က မြေတွေကိုလျှော်ကြေးပေးပြီးသိမ်းကာ အကျဉ်းထောင်ဧရိယာကိုသတ်မှတ်ခဲ့တယ်။အင်းစိန်ထောင်ကိုအုတ်ရိုး၂ထပ်တည်ဆောက်ပြီးတဲ့နောက် ထောင်အတွင်းမြေညှိပြီး အိပ်ဆောင်တွေဆောက်လုပ်ဖို့ပြင်ဆင်ခဲ့တယ်။ အဲဒီအချိန် ရန်ကုန်ထောင်ကို အသုံးပြု နေပြီး ဖြစ်တဲ့အတွက် ရန်ကုန်ထောင်က၆လအောက်အပြစ်ကျတဲ့ အကျဉ်းသားတွေကိုခေါ်ယူပြီးအင်းစိန်ထောင်တည်ဆောက်ရေးမှာ ခိုင်းစေခဲ့တယ်။


အလုပ်သမားအကျဉ်းသား၄၀၀ခန့်ရှိတယ်လို့သိရတယ်။အဲ့ဒီအချိန်ကအုတ်ရိုးကြီး၂ထပ်အတွင်း မှာ အဆောက်အဦိးတွေမပြီးစီးသေး တဲ့အတွက် အလုပ်သမားတွေဟာ ဒီအတိုင်းနေထိုင်ပြီးအိပ်ကြရတယ်။ အိပ်ဆောင်၆လုံးတည်ဆောက်ရာမှာ အကျဉ်းသားတွေအပြင် ပြင်ပကအင်ဂျင်နီယာနဲ့ဗိသုကာပညာရှင်တွေဦးစီးပြီး ဆောက်လုပ်ခဲ့ကြတာဖြစ်တယ်။ ထောင်ရဲ့လုံခြု ံရေးနဲ့ အကျဉ်းသားလုံခြုံ ရေးအတွက်အင်းစိန်ထောင်အရှေ့ဘက်နေရာကို အဆောက်အဦး တန်းလျားတွေဆောက်ပြီး ပုလိပ်တွေကိုထားပြီးစောင့်ကြပ်စေခဲ့တယ်။


အဲ့ဒီအချိန်က တွဲဘက်ထောင်ခေါ် ယခုသီးသန့်ထောင် မဆောက်ရသေးဘဲ အဲ့ဒီနေရာမှာအလုပ်သမားအကျဉ်းသားတွေနဲ့ပုလိပ်တွေအတွက် သီးနှံစိုက်ပျိုးတဲ့တောင်ယာခင်းဖြစ်တယ်။ထောင်အုတ်ရိုး၂ထပ်နဲ့အိပ်ဆောင်တွေကိုဆောက်လုပ်တာဟာ ၄နှစ်နီးပါးကြာတယ်။ အုတ်ရိုးကြီးတည်ဆောက်ပြီးတဲ့အခါ အုတ်ရိုးနံရံကြီးကို မြေနီရောင်ဆေးသုတ်ခဲ့တယ်။


အင်းစိန်ဗဟိုအကျဉ်းထောင်ကြီးဟာ အင်းစိန် လှိုင်းမြစ်သွား ကမ်းနားလမ်းပေါ်မှာတည်ရှိပါတယ်။ထောင်ဝင်းတစ်ခုလုံး စုစုပေါင်းအကျယ်အဝန်းမြေဧရိယာဟာ ၁၆၅.၇၆၈ဧကရှိပါတယ်။ အဲ့ဒီအကျယ်အဝန်းမှာ တွဲဘက်ဧရိယာအကျယ်အဝန်းဟာ ၁၄.၇၂၉ဧကရှိပြီး အမှု့ထမ်းနေအိမ်တွေ၊စိုက်ပျိုးခင်းမြေဧရိယာ ၄၆.၂၉၃ စတဲ့ ဒါတွေအားလုံးကိုနုတ်လိုက်ပါက အင်းစိန်ထောင်ရဲ့မြေဧရိယာထောင်သီးသန့်အကျယ်ဟာ ၁၀၄.၇၄၆ဧက ရှိပါတယ်။အင်းစိန်ထောင်တည်ရှိပုံဟာ အင်းစိန်လှိုင်မြစ်ကမ်း နားလမ်းကိုမျက်နှာပြု တည်ဆောက်ထားပြီး လမ်းဘေးကထောင်ခြံစည်းရိုးက ကပ်လျက်ရှိပြီးလမ်းမကနေ အတွင်းထောင်ဘူး၀ မျက်နှာစာအထိ ပေပေါင်း၁၁၆၀ပေကွာဝေးပါတယ်။


ဗြိတိသျှအစိုးရဟာ အင်းစိန်ထောင်တည်ဆောက်တဲ့အချိန်မှာ မြန်မာပြည်တစ်ပြည်လုံးရဲ့အခြားသောမြို့တွေမှာပါအကျဉ်းထောင်အချို့ကိုတည်ဆောက်ထားပြီးဖြစ်နေတာကြောင့် အင်းစိန်ထောင်ကိုသူတို့စိတ်တိုင်းကျ စနစ်တကျပုံစံရေးဆွဲပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အင်းစိန်ထောင်ကိုအပေါ်ကနေ စီးပြီးကြည့်ရင်ရှေးဟောင်းတိုင်ကပ်နာရီပုံသဏ္ဍာန် ရှိတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အုတ်ရိုး၂ထပ်ရှိပြီးအပြင်အုတ်ရိုးက ၁၈ပေမြင့်တယ်။



အတွင်းအုတ်ရိုးက၇ပေမြင့်တယ်။အတွင်းအုတ်ရိုးနဲ့အပြင်အုတ်ရိုးကြား ပေ၁၉၀ကွာထားတယ်။နာရီအထိုင်အကွက်ထဲမှာ ထောင့်၁၆ထောင့်ရှိပါတယ်။နာရီဒိုင်ကွက်ပုံစံထဲမှာ အကျဉ်းသားအိပ်ဆောင် အဆောက်အဦးတွေကို အကွက်ချပြီး ၂ထပ်ပုံစံစနစ်တကျ တည်ဆောက်ထားတယ်။အိပ်ဆောင်တွေရဲ့အလယ် ကွက်လပ် ဗဟိုမှာ ၆၃ပေမြင့်တဲ့ ဗဟိုမျှော်စဉ်တစ်ခုရှိပြီး အဲ့ဒီမျှော်စဉ်ကိုပတ်ပြီး စားဖိုဆောင်ကြီးကို ဆောက်လုပ်ထားတယ်။


အဲဒီမျှော်စဉ်ကို ဗဟိုပြု ပြီး၂ထပ်အိပ်ဆောင်များကို နာရီလက်တံ သဖွယ် ပတ်ဝိုင်းပြီးဆောက်လုပ်ထားတယ်။ရည်ရွယ်ချက်က အကျဉ်းသား၊အချုပ်သားတွေထမင်းစားသောက်ချိန်မှာ အိပ်ဆောင်တွေကနေ တစ်ဆောင်ချင်းတန်းစီထွက်ပြီး ဖိုဝိုင်းကြီးမှာ ထမင်းပုံစံတွေကို အလွယ်တကူယူနိုင်ကြစေဖို့ အတွက်ပဲဖြစ်ပါတယ်။နောက်ရည်ရွယ်ချက်က အိပ်ဆောင်တွေပေါ်မှာ ရန်ဖြစ်ခြင်း၊အုတ်ရိုးကျော်၍ထွက်ပြေးခြင်း စတဲ့လုံခြုံ ရေးဆိုင်ရာကိစ္စတွေကိုလည်းမျှော်စဉ်ပေါ်က တာဝန်ကျအစောင့်က အားလုံးကိုမြင်နိုင်စေဖို့ဖြစ်ပါတယ်။


ထောင်အရှေ့ဘူးဝတံခါးကြီးကနေ ဖိုကြီးဗဟိုမျှော်စဉ်အထိတစ်ဖြောင့်တည်းလမ်းဖောက်ထားပြီးအဲ့ဒီမျှော်စဉ်ကြီးကိုပတ်ပြီးထောင်အနောက်ဘက်တံခါးအထိ လမ်းကို တောင်မြောက်တစ်တန်းတည်းဖောက်ထားတယ်။လမ်းမကြီးရဲ့တစ်ဖက်တစ်ချက်မှာလည်း၉ပေမြင့်တဲ့အုတ်တံတိုင်းကာရံထားပြီးအုတ်တံတိုင်းအရှေ့ဘက်တစ်လျှောက်မှာ အဆောက်အဦး၄ခုရှိပြီးတစ်ခုနဲ့တစ်ခုကြား ၇ပေအုတ်နံရံတွေကန့်ပြီးကာရံထားတယ်။ အင်းစိန်ထောင်တည်ဆောက်ချိန်မှာ အစိုးရဟာ သူတို့သိမ်းပိုက်ထားတဲ့ မြန်မာပြည်အောက်ပိုင်းနဲ့ အလယ်ပိုင်းဆိပ်ကမ်းမြို့တွေဖြစ်တဲ့ စစ်တွေ၊မော်လမြိုင် ၊မြိတ်၊ပုသိမ်နဲ့ရန်ကုန်စတဲ့ မြို့တွေမှာထောင်တွေကိုတည်ဆောက်ခဲ့ပြီး ဖြစ်ရာ ရန်ကုန်မြို့နဲ့ ၁၂မိုင်ကွာဝေးတဲ့အင်းစိန်မြို့မှာ ထောင်ကြီးတစ်ခုဖွင့်လှစ်ပြီး အကျင့်စာရိတ္တပြု ပြင်ရေး Reformation အတွက်ပါတည်ဆောက်ခဲ့တယ်လို့ ယူဆရတယ်။


ဒါကြောင့်အင်းစိန်ထောင်ကြီးကို ၁၈၉၂ခုနှစ် ဇူလိုင်လမှာ စတင်ဖွင့်လှစ်အသုံးပြု ခဲ့ပါတယ်။ ရာဇဝတ်မှု့တစ်ကြိမ်တစ်ခါသာကျူ းလွန်တဲ့ အကျဉ်းသား(Causal Prisoner) ၊ရာဇဝတ်မှု့ကိုတစ်ကြိမ်ထက်ပိုပြီးကျူ းလွန်တဲ့အကျဉ်းသား(Habitual Prisoner) နဲ့ တရားမအကျဉ်းသား(Civial prisoner) တို့ကိုထားရှိစေခဲ့တယ်။ အင်းစိန်ထောင်စတင်ဖွင့်လှစ်ချိန်မှာ အကျဉ်းဌာနမင်းကြီးအဖြစ် ပထမဆုံးဆောင်ရွက်ခဲ့သူဟာ Surgeon. Licut Colonel Davicisno ဖြစ်ပါတယ်။၁၉၄၂အင်္ဂလိပ်တပ်တွေမြန်မာပြည်ကဆုတ်ခွာပြီးဂျပန်တွေအုတ်ချုပ်တဲ့ခေတ်မှာ အင်းစိန်အကျဉ်းထောင်အပါဝင်မြန်မာနိုင်ငံက အကျဉ်းထောင်တွေကို ဂျပန်တွေကလက်နက်တိုက်အဖြစ်အသုံးပြု ခဲ့တယ်။


ဂျပန်တွေထွက်ပြီးအင်္ဂလိပ်ပြန်အဝင် ၁၉၄၆ခုနှစ်မှာတော့ အင်းစိန်ဗဟိုအကျဉ်းထောင်ကိုပြန်လည်ဖွင့်လှစ်အသုံးပြု ပြန်တယ်။ ၁၉၄၈မြန်မာပြည်လွတ်လပ်ရေးရပြီး ပါလီမာန်ဒီမိုကရေစီ အုပ်ချုပ်ရေးခေတ်ဦးမှာ ကေအင်ဒီအိုတွေ အင်းစိန်ဗဟိုအကျဉ်းထောင်ကို အင်းစိန်တိုက်ပွဲမှာ သိမ်းပိုက်ပြီ းအကျဉ်းသားအားလုံးကို လွှတ်ပေးလိုက်ကာ အင်းစိန်ထောင်ကိုခံတပ်သဖွယ်အသုံးပြု ခဲ့ပြန်တယ်။ နောက်ပိုင်းရန်ကုန်ထောင်မှာအချုပ်သားနဲ့ပြစ်ဒဏ်၆လအောက် အကျဉ်းသားတွေကိုသာထားပြီး နှစ်ကြီးအကျဉ်းသားအားလုံးကို အင်းစိန်ထောင်သို့ပေးပို့ကာ ထိန်းသိမ်းစေခဲ့တယ်။



အင်းစိန်ထောင်ဟာ အကျဉ်းဦးစီးဌာနလက်အောက်မှာရှိတဲ့ အကျဉ်းထောင်တွေထဲက မြန်မာနိုင်ငံမှာ အကြီးဆုံးဗဟိုအကျဉ်းထောင်ဖြစ်ပါတယ်။ အင်္ဂလိပ်ဖွဲ့စည်းပုံနဲ့ အင်္ဂလိပ်ထောင်လက်စွဲစာအုပ်အရ အကျဉ်းသားအင်အား အယောက် ၅၀၀၀ကိုသာ လက်ခံထိန်းသိမ်းဖို့သတ်မှတ်ထားသော်လည်း မဆလခေတ်နဲ့ စစ်တပ်မင်းဆက်ခေတ်တွေမှာ အဖမ်းအဆီးရက်စက်ခဲ့တဲ့အတွက် လက်ရှိအခြေနေအရ အကျဉ်းသား၁သောင်းခွဲနီးပါး ထိန်းသိမ်းထားတဲ့အကျဉ်းထောင်ဖြစ်ပါတယ်။


၁၉၆၂ ဦးနေဝင်းအာဏာသိမ်းပြီးတဲ့နောက် အရေးခင်းဆန္ဒပြမှု့တွေမှာပါဝင်တဲ့ကျောင်းသားကျောင်းသူတွေနဲ့ နိုင်ငံရေးသမားတွေရဲ့စံမြန်းရာ အင်းစိန်တောရဖြစ်လာခဲ့ပါတော့တယ်။ ဘာပြစ်မှု့မှာမကျူ းလွန်တဲ့အပြင် ကျောင်းသားကျောင်းသူတွေဟာ အင်းစိန်တောရ (ကျောင်းသားများပေးထားသောအမည်)မှာ အင်္ဂလိပ်အရှင်သခင် ၊မြန်မာတွေပြောပြောနေတဲ့ မဟာဂုတ်သွေးစုပ်သူ၊ သွေးခွဲသမား၊ပြည်ပရန် စတဲ့ဝေါဟာရတွေရဲ့ပိုင်ရှင် အင်္ဂလိပ်တွေကတောင် မလုပ်ခဲ့တဲ့ အင်မတန်ရက်စက်တဲ့ နှစ်ရှည်ထောင်ဒဏ် နှစ်၃၀၊ နှစ်၅၀ဆိုတာတွေ၊ အင်မတန်ကြမ်းတမ်းပြီးတိရိစ္ဆာန်တောင်မစားတဲ့အစားစာတွေကိုကျွေးပြီး နိုင်ငံရေးသမား ကျောင်းသူကျောင်းသားတွေကို နှိပ်စက်ခဲ့တယ်။


အင်္ဂလိပ်ခေတ်မှာ မကြားဖူးသမျှသော အကြောင်းအရာနဲ့ရက်စက်မှု့အပေါင်းသရဖူဆောင်းစေခဲ့တဲ့အဖြစ်ပျက်အားလုံးဟာ အမျိုးသားဖက်ဆစ်တွေရဲ့လက်ထက်မှာသာဖြစ်ခဲ့ရတာပဲဖြစ်ပါတော့တယ်။


မြန်မာနိုင်ငံအကျဉ်းထောင်သမိုင်းစာအုပ်မှ ကောက်နုတ်ဖော်ပြသည်။

#CRDUTH

#နော်ဂဲလယ်ထူး(စာပေပရဟိတ)

#GoodLuck

"အလင်္ကာကျော်စွာဘွဲ့ရတစ်ဦးတည်းသောအမျိုးသမီး"

 

••••••••••••••••••••••••••••••••••••••••••••••••••


ရေးသားသူကိုဖိုးကျော်


         မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော အလင်္ကာ

ကျော်စွာဘွဲ့ပိုင်ရှင်အမျိုးသမီးမှာဂီတမိခင်ကြီးဒေါ်စောမြ

အေးကြည်ဖြစ်သည်။ အလင်္ကာကျော်စွာဘွဲ့ချီးမြှင့်ခဲ့

သည့်သမိုင်းတွင် ဆရာဦးဘကလေးပြီးနောက် ပဉ္စမ

မြောက် ဘွဲ့ပိုင်ရှင်ဖြစ်ကာ အမျိုးသမီးတစ်ယောက်အ

နေဖြင့် ပထမဆုံးနှင့်တစ်ဦးတည်းသာ ရရှိခဲ့သူဖြစ်၏။

ဖခင်မှာ သီပေါမင်းလက်ထက်ဗြဲတိုက်သံတော်ဆင့်အ

ရာရှိ ဦးမောင်မောင်တင်ဖြစ်ပြီး   မိခင်မှာစောလှထိပ်

ခေါင်တင် မင်းသမီး၏ဘဏ္ဍာစိုး ခင်ဖွားဖြစ်သည်။

       ၁၈၉၁ ခုနှစ်တွင်ဖွားမြင်၍ ငယ်မည်မှာ ခင်စိန်

ကြည်ဟုတွင်သည်။ငယ်စဉ်အသက်၁၂နှစ်သမီးအရွယ်

မှစတင်၍ သီပေါမင်း၏ဝဲဘက်အဆိုတော်မဓုသဒ္ဒရွှေ

တောင်ကျော်သူဘွဲ့ခံ ဦးလူကြီးထံတွင်မိဘများကအပ်

နှံ၍အဆိုပညာကိုသင်ယူစေသည်။ သီပေါမင်းပါတော်

မူပြီးနောက် နန်းတွင်းရှိ အဆိုအကအရေးအတီးပညာ

ရှင်များကို အနုပညာလေးစားမြတ်နိုးသည့် သီပေါစော်

ဘွားကြီး ဆာစောချယ်ကခေါ်ယူကာ သူ၏ဟော်နန်း

တွင်အမှု့ထမ်းစေသည်။ ထို့ပြင် ဆာစောချယ်က ထို

စဉ် အသက်၁၃နှစ်အရွယ် ခင်စိန်ကြည်၏ ဂီတဝါသ

နာနှင့်မိဘမျိုးရိုးကိုနှစ်သက်သဖြင့် ကောက်ယူကာ

အလွန်မြတ်နိုးချစ်ခင်လှသဖြင့် "စောမြအေးကြည်

သခင်မ"ဟုဘွဲ့ပေးခြင်းခံရပြီး စော်ဘွားကတော်

ဖြစ်လာခဲ့ပေသည်။

           ဒေါ်စောမြအေးကြည်သည် သီပေါဟော်နန်း

တွင်စောင်းဆရာကြီးဒေဝဣန္ဒာထံမှစောင်းပညာသင်

ကြားခဲ့ပြီး သဘင်အကပညာကိုပန်းဆက်ခင်လေး

ဒေါ်ယင်းတော် ဒေါ်ဆင်ခိုးထံမှသင်ယူသည်။အဆို

ပညာရှင်များဖြစ်သည့်တပါယ်ခင်ဥ တပါယ်ခင်သစ်

တို့ထံမှလည်း အဆိုပညာရပ်များကိုလေ့လါသင်ယူ

ခဲ့ရပြန်သည်။အခြေခံပိုင်နိုင်ပြီး သဘင်ပညာရှင်များ

ထံထပ်၍ထပ်၍နည်းယူဖြည့်တင်းခဲ့ရသဖြင့် ဆို-က

ရေး-တီး အနုပညာရှင်ကြီးတစ်ဦးဖြစ်လာခဲ့လေသည်။

သီပေါဟော်နန်း၌ နန်းတွင်းသဘင်ပညာရှင်များအပြင်

စောင်းဆရာငြိမ်း(အလင်္ကာကျော်စွာ)  ဆိုင်းစိန်ဘ

မောင်(အလင်္ကာကျော်စွာ) ဂရိတ်ဦးဖိုးစိန် ဘာဂျာ

ဆရာလွှား တယောဦးတင် အသက်၁၂နှစ်သားအရွယ်

ဂီတပညာသင်မောင်အေး(နောင်တွင်အလင်္ကာကျော်

စွာဆရာရွှေပြည်အေး)တို့နှင့်အခြားပညာရှင်အများ

အပြားလည်းလာရောက်နေထိုင်ခဲ့ကြဖူးသည်။

       တယောဦးတင်(နောင် ရကန်ဦးတင်)နှင့်မောင်

အေး(ရွှေပြည်အေး)တို့သည် ဒေါ်စောမြအေးကြည်

ထံမှ ဂန္ဓဝင်သီချင်းကြီးများကို သင်ယူခဲ့ကြသည်။ဒေါ်

စောမြအေးကြည်သည် မိုးဒေဝါပတ်ပျိုး ကိုရေးသား

ခဲ့ရာ ပတ်ပျိုးစာသားကောင်းခြင်းကိုဆရာကြီးသခင်

ကိုယ်တော်မှိုင်းကပင်ဖွဲ့နွဲ့ချီးကျုးဂုဏ်ပြုခံရသည်။ဒေါ်

စောမြအေးကြည်သည် ဝါသနာချင်းတူသူ တယော

ဦးတင်နှင့်နောင်တွင် ဒုတိယအိမ်ထောင်ထူခဲ့သည်။

ရွှေဘိုသို့သွားရောက်ကာ အဝေးရောက်မင်းဦးအောင်

ကြီးထံသို့လည်း ဂီတပညာစာပေတို့ကိုလေ့လာဆည်း

ပူးခဲ့ရာ ပညာကိုမက်မောစွာသင်ယူခဲ့သူဖြစ်၍ ပညာ

ပြည့်ဝသူလည်းဖြစ်သဖြင့် ဂီတမိခင် ဟုဂီတလောက

တစ်ခုလုံးက လေးစားကြည်ညိုခြင်းခံရသူဖြစ်သည်။

        အဆိုပညာတွင် နရည်ခေါ်စည်းဝါးနယ်နိမိတ်

အတွင်း အတီးဆရာကြိုက်နှစ်သက်သလို အနှေးအ

မြန်နရည်ပြောင်းလဲတီးချင်သလိုတီးစေ မူလသီချင်း

စာသားကိုပင် ရစ်ပတ်လှည့်လည်ခြင်းအားဖြင့် သာ

ယာနာပျော်ဖွယ်ကဏ္ဏသုခဖြစ်အောင်သီဆိုနိုင်သည်

ဖြစ်၍ တူရိယာပညာရှင်များက"နရည်ကောင်းသူ"အ

ဖြစ်ခေါ်စမှတ်ပြု၏။ အတီးပညာတွင်လည်း ဆရာ

ကောင်းများကိုသိမှီသင်ယူခဲ့ရသဖြင့် ဒေဝဣန္ဒာမူ ဦး

ဖူးခေါင်မူ စသဖြင့် တစ်နည်းနှင့်တစ်နည်းမတူအောင်

လက်တွေ့တီးပြနိုင်သူဖြစ်သည်။ အသက်၂၀ကျော်

အရွယ်ကပင် ပုံထောက်သံ ရေကင်းသံ အိုးစည်သံ

လေးချိုး ဒွေးချိုး တေးထပ် သီချင်းများကို ကိုယ်တိုင်

ရေးသားစပ်ဆိုနိုင်ခဲ့သည်။ မိုးဒေဝါ.လမင်းသော်တာ.

မိုးပဇ္စုန် စသောပတ်ပျိုးများမှာယနေ့တိုင်ထင်ရှားခဲ့၏။

ဤသို့အဆို အက အရေး အတီး စွယ်စုံပြောင်မြောက်

ကျွမ်းကျင်စွာတတ်မြောက်သူဟူ၍ မြန်မာ့ဂီတသမိုင်း

တွင်အလွန်ရှားပါးသည့်အနုပညာရှင်ကြီးပင်ဖြစ်သည်။

       မိမိဆည်းပူတတ်မြောက်ထားသော ပညာများ

ကိုလည်း အနုပညာလေးစားမြတ်နိုးသူတို့အားပြန်

လည်ပေးဝေဖြန့်ဖြူ းခဲ့သည်။ဒုတိယကမ ္ဘာစစ်မတိုင်မီ

က အစိုးရပန်းချီနှင့်တူရိယာဂီတကျောင်းတွင် နည်းပြ

ဆရာမအဖြစ်လည်းကောင်း စစ်ပြီးခေတ်တွင်ဒီးဒုတ်

ဦးဘချို(ပြန်ကြားရေးဝန်ကြီး)၏တာဝန်ပေးချက်အရ

မြန်မာ့ဂီတပြန်လည်ထွန်းကားရေးအဖွဲ့တွင်တာဝန်

ယူ၍လည်းကောင်း လွတ်လပ်ရေးရပြီးခေတ်တွင်

ရေဒီယိုမှ ဂီတသင်ခန်းစာများကိုပို့ချပေးခြင်းဖြင့်

လည်းကောင်း သီချင်းကြီးမူမှန်ဖြစ်ရေးအဖွဲ့တွင်အဖွဲ့

ဝင်တစ်ဦးအဖြစ်လည်းကောင်း ဂီတအနုပညာနှင့်ပက်

သက်၍တတ်စွမ်းသမျှ ပေးဝေတာဝန်ယူခဲ့သည်။

      ၁၉၅၂ခုနှစ်တွင် နိုင်ငံတော်အစိုးရမှအလင်္ကာ

ကျော်စွာဘွဲ့ ပေးအပ်ချီးမြှင့်ခံရသည်။၁၉၅၃-၅၇ အထိ

ကံဘဲ့ဆရာအတတ်သင်ကျောင်းတွင် ဂီတ ကထိက

အဖြစ်အမှု့ထမ်းနေစဉ် ၁၉၅၄ ခုနှစ်တွင် ရန်ကုန်

တက္ကသိုလ်က အနုပညာဆိုင်ရာ ဂုဏ်ထူးဆောင်

ဘီအေဘွဲ့ကို ပေးအပ်ချီးမြှင့်ခံရသည်။ ထိုဘွဲ့မှာ

လည်းထိုစဉ်ကမြန်မာနိုင်ငံတွင်ဒေါ်စောမြအေး

ကြည်တစ်ဦးသာ ရရှိခဲ့သည်။ထို့နောက် သမိုင်း

ကော်မရှင်တွင် ဂီတသုတေသီရာထူးဖြင့် တာဝန်

ထမ်းဆောင်ခဲ့ပြီး ၁၉၆၇ ခုနှစ် အသက် ၇၆ နှစ်

အရွယ်တွင် အလင်္ကာကျော်စွာဒေါ်စောမြအေး

ကြည် (ဘီအေ)ကွယ်လွန်ခဲ့ပါ၏

ဂီတ အဆိုအကပညာရပ်တို့နှင့်ပက်သက်သည့်

မှတ်တမ်း မှတ်စု နှင့်စာအုပ်များရေးသားခဲ့ပါသည်။


စာကိုး။      အလင်္ကာကျော်စွာဒေါ်စောမြအေး

               ကြည်(ဘီအေ)ရေး "ဂီတနှင့်အက"

               စာပေဗိမာန်ထုတ် ။ နန္ဒာမိုးကြယ်၏

               သိသင့်သိစရာသမိုင်းဝင်ဖြစ်ရပ်များ

               တို့မှ ကောက်နှုတ်ဖော်ပြပါသည်။

#CRDKNMP

#နော်ဂဲလယ်ထူး(စာပေပရဟိတ)

#GoodLuck


Made in Burma ဆိုပြီး မြန်မာပြည်ကပစ္စည်းတွေ တကမ္ဘာလုံးကို ဖြန့်ခဲ့ဖူးတယ်

  တချိန်က မြန်မာပြည်မှာ ဒီဇွန်းတွေ(ပုံ၁) ထုတ်လုပ်ခဲ့နိုင်တယ်။ ၁၉၆၂ ခုနှစ် ဦးနေဝင်း လက်ထက်ကစလို့ စက်ရုံ အလုပ်ရုံတွေကို ပြည်သူပိုင်သိမ်းပြီး အ...